Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 11:29

Common Language Bible

``ထို​နောက်​ကာ​လ​အ​တန်​ကြာ​သော​အ​ခါ သူ​သည်​အီ​ဂျစ်​ပြည်​သို့​ပြန်​လည်​ချဉ်း​နင်း ဝင်​ရောက်​လာ​လိမ့်​မည်။ သို့​ရာ​တွင်​ယ​ခု​တစ် ကြိမ်​၌​အ​ခြေ​အ​နေ​ပြောင်း​လဲ​သွား​လိမ့် မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အို ဖိ​လိတ္တိ​မြို့​အ​ပေါင်း​တို့၊ ညည်း​တွား​မြည် တမ်း​လျက်​အ​ကူ​အ​ညီ​အော်​ဟစ်​တောင်း​ခံ ကြ​လော့။ သင်​တို့​အား​လုံး​ပင်​ထိတ်​လန့်​တုန် လှုပ်​လျက်​ရှိ​နေ​ကြ​လော့။ သူ​ရဲ​ဘော​ကြောင် သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ပါ​သည့်​တပ် မ​တော်​ကြီး​တစ်​ခု​သည်​ဖုတ်​တ​ထောင်း ထောင်း​နှင့်​မြောက်​အ​ရပ်​မှ​ချီ​တက်​လာ​နေ​၏။

ပါ​ရှ​ဧ​က​ရာဇ်​ဘု​ရင်​ကု​ရု​နန်း​စံ​တ​တိ​ယ နှစ်​၌ ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည်​တွင် သော​ဒံ​ယေ​လ​သည် ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ ရ​ရှိ​၏။ ထို​ဗျာ​ဒိတ်​တော်​တွင်​ပါ​ရှိ​သည့်​ဖော် ပြ​ချက်​စ​ကား​သည်​မှန်​ကန်​သော်​လည်း​နား လည်​ရန်​အ​လွန်​ခက်​၏။ ဒံ​ယေ​လ​သည်​ထို ဖော်​ပြ​ချက်​စ​ကား​၏​အ​နက်​ကို​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အား​ဖြင့်​သိ​ရှိ​နား​လည်​၍​လာ​၏။

ထို​မင်း​သည်​က​တိ​စာ​ချုပ်​များ​ချုပ်​ဆို​၍ အ​ခြား​နိုင်​ငံ​တို့​ကို​လိမ်​လည်​လှည့်​စား​လိမ့် မည်။ သူ​သည်​သေး​ငယ်​သော​နိုင်​ငံ​ကို​အုပ်​စိုး ရ​သော်​လည်း တန်​ခိုး​ကြီး​မား​သည်​ထက် ကြီး​မား​၍​လာ​လိမ့်​မည်။-

``သူ​သည်​အီ​ဂျစ်​ဘု​ရင်​ကို​တိုက်​ခိုက်​ရန် စစ် တပ်​ကြီး​တစ်​တပ်​ကို​ရဲ​တင်း​စွာ​ဖွဲ့​စည်း​လိမ့် မည်။ အီ​ဂျစ်​ဘု​ရင်​သည်​လည်း​အ​လွန်​အင် အား​ကြီး​မား​သော​စစ်​သည်​ဗိုလ်​ခြေ​တို့​ဖြင့် သူ့​အား​ခု​ခံ​ရန်​ပြင်​ဆင်​လိမ့်​မည်။ သို့​ရာ တွင်​သူ​သည်​လိမ်​လည်​လှည့်​စား​မှု​ကို​ခံ​ရ ၍​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။-

ဆီး​ရီး​ယား​ဘု​ရင်​သည်​ဘု​ရား​သ​ခင်​၏ လူ​မျိုး​တော်​ကိုး​ကွယ်​သည့်​ဘာ​သာ​ကို ဖျက်​ဆီး​ရန်​သန္နိ​ဋ္ဌာန်​ပြု​ကာ စစ်​ပွဲ​တွင်​သိမ်း ဆည်း​ရ​ရှိ​ထား​သည့်​ဥစ္စာ​ပစ္စည်း​များ​ကို​ယူ ၍​ပြန်​လိမ့်​မည်။ သူ​သည်​မိ​မိ​၏​အ​လို​ဆန္ဒ ရှိ​သည်​အ​တိုင်း​ပြု​ပြီး​နောက်​မိ​မိ​၏​ပြည် သို့​ပြန်​လိမ့်​မည်။

ရော​မ​အ​မျိုး​သား​တို့​သည်​သ​င်္ဘော​များ​ဖြင့် လာ​ရောက်​၍ သူ့​အား​ဆီး​တား​တိုက်​ခိုက်​ကြ မည်​ဖြစ်​သ​ဖြင့်​သူ​သည်​ကြောက်​လန့်​လိမ့်​မည်။ ``ထို​အ​ခါ​သူ​သည်​အ​မျက်​ပြင်း​စွာ​ထွက် လျက်​နောက်​သို့​ပြန်​၍​ဆုတ်​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​ကိုး​ကွယ်​သော​ဘာ​သာ ကို​ဖျက်​ဆီး​ရန်​ကြိုး​စား​လိမ့်​မည်။ ထို​ဘာ​သာ တော်​ကို​စွန့်​လွှတ်​ခဲ့​သူ​တို့​၏​အ​ကြံ​ပေး စ​ကား​များ​ကို​လည်း​နား​ထောင်​လိမ့်​မည်။-

``ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​၏​အ​ကျိုး ဆက်​ကား အ​ဘယ်​သို့​ဖြစ်​မည်​ကို​သင့်​အား ငါ​ဖော်​ပြ​နေ​ခြင်း​ဖြစ်​၏။ ရူ​ပါ​ရုံ​သည် အ​ဆုံး​စွန်​သော​ကာ​လ​နှင့်​သက်​ဆိုင်​၏။

ကိုယ်​တော်​သည်​ဦး​စွာ​ပ​ထ​မ​လူ​တစ်​ယောက် ကို​ဖန်​ဆင်း​တော်​မူ​၍ ထို​လူ​မှ​လူ​မျိုး​တ​ကာ တို့​အား​ဆင်း​သက်​လာ​စေ​ပြီး​လျှင်​ကမ္ဘာ​အ​ရပ် ရပ်​တွင်​နေ​ထိုင်​စေ​တော်​မူ​၏။ ထို​လူ​မျိုး​အ​သီး သီး​တို့​သက်​ရှင်​နေ​ထိုင်​ရာ​အ​ချိန်​ကာ​လ​နှင့် ဒေ​သ​များ​ကို​ကြို​တင်​ပိုင်း​ခြား​သတ်​မှတ်​ပေး တော်​မူ​၏။-

သူ​သည်​ဖ​ခင်​သတ်​မှတ်​ပေး​သည့်​အ​ချိန်​ကာ​လ​မ ရောက်​မီ အုပ်​ထိန်း​သူ​များ​နှင့်​မိ​မိ​၏​အ​မှု​ကိစ္စ အ​ဝ​ဝ​ကို​စီ​မံ​အုပ်​ချုပ်​သူ​များ​၏​လက်​အောက် တွင်​နေ​ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ