Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒံ​ယေ​လ 10:20

Common Language Bible

ထို​သူ​က``သင့်​ထံ​သို့​ငါ​လာ​သည့်​အ​ကြောင်း ကို​သင်​သိ​သ​လော။ ငါ​လာ​ရ​သည့်​အ​ကြောင်း မှာ​သမ္မာ​တ​ရား​စာ​စောင်​တော်​တွင်​ရေး​သား ဖော်​ပြ​ချက်​ကို သင့်​အား​ပြော​ကြား​ရန်​ဖြစ် ပါ​သည်။ ငါ​သည်​ယ​ခု​ပြန်​၍​ပါ​ရှ​နိုင်​ငံ ကို​စောင့်​ထိန်း​သည့်​ကောင်း​ကင်​တ​မန်​နှင့်​စစ် တိုက်​ရ​မည်။ ထို​နောက်​ဂရိတ်​နိုင်​ငံ​ကို​စောင့်​ထိန်း သည့်​ကောင်း​ကင်​တ​မန်​နှင့်​တိုက်​ခိုက်​ရ​မည်။ ဣသ​ရေ​လ​နိုင်​ငံ​ကို​စောင့်​ထိန်း​သည့်​ကောင်း ကင်​တ​မန်​မိက္ခေ​လ​မှ​တစ်​ပါး ငါ့​အား​ကူ ညီ​မည့်​သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ထို​ပြည်​တွင်​နေ​ထိုင်​လာ​ခဲ့​ကြ​သူ​များ​သည် တည်​ဆောက်​သော​ယု​ဒ​အ​မျိုး​သား​တို့​ကို စိတ်​ပျက်​အား​လျော့​၍​အ​ထ​မ​မြောက်​စေ​ရန် အ​စိုး​ရ​အ​ရာ​ရှိ​တို့​အား​တံ​စိုး​လက်​ဆောင်​ပေး​ကြ​၏။-

ထို​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​ကို​သုတ်​သင်​ပစ် လေ​သည်။ နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌ ထို​သူ​အ​ပေါင်း​တို့​သည်​လဲ​၍​သေ​နေ​ကြ​၏။-

ပါ​ရှ​နိုင်​ငံ​စောင့်​ကောင်း​ကင်​တ​မန်​သည် ငါ့ အား​နှစ်​ဆယ့်​တစ်​ရက်​တိုင်​တိုင်​ဆီး​တား လျက်​နေ​ခဲ့​၏။ ထို​နောက်​ကောင်း​ကင်​တ​မန် မှူး​တစ်​ဦး​ဖြစ်​သူ​မိက္ခေ​လ​သည် ပါ​ရှ​နိုင်​ငံ တွင်​ငါ​တစ်​ဦး​တည်း​ကျန်​ရှိ​လျက်​နေ သ​ဖြင့်​ငါ့​အား​လာ​ရောက်​ကူ​ညီ​ပေ သည်။-

ငါ​သည်​ဆက်​လက်​၍​ကြည့်​ရှု​နေ​စဉ်​အ​ခြား​သား​ရဲ​တစ်​ကောင်​ကို​မြင်​ရ​၏။ ထို​သား​ရဲ​သည်​ကျား​သစ်​နှင့်​တူ​၏။ သူ​၏​ကျော​ပေါ်​တွင်​ငှက်​တောင်​ပံ​များ​နှင့်​တူ​သော​အ​တောင်​လေး​ခု​ရှိ​၏။ သူ့​မှာ​ဦး​ခေါင်း​လေး​လုံး​ရှိ​၏။ သူ​သည်​တန်​ခိုး​အာ​ဏာ​ရှိ​ပုံ​ရ​၏။

ဆိတ်​သည်​ဂ​ရိတ်​နိုင်​ငံ​ဖြစ်​၏။ သူ​၏​မျက်​စိ များ​အ​ကြား​မှ​ငေါ​၍​ထွက်​နေ​သော​ဦး​ချို ကား ထို​နိုင်​ငံ​၏​ပ​ထ​မ​မြောက်​ဘု​ရင်​ဖြစ်​၏။-

ထို​အ​ခါ​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​မ​ထောက်​သည့်​အ​တွက် ချက်​ချင်း ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ့​ကို​ဒဏ်​ခတ်​သ​ဖြင့် သန်​ထိုး​၍​ကွယ်​လွန် တော်​မူ​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ