ဒေသနာကျမ်း။ 7:16Common Language Bibleလွန်ကျူးစွာ မဖြောင့်မတ်နှင့်။ လွန်ကျူးစွာ ပညာမရှိနှင့်။ အဘယ်ကြောင့် ကိုယ်အကျိုးကို ဖျက်ချင် သနည်း။ အခန်းကိုကြည့်ပါ။ |
ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့ကိုယ်ကို တတ်သိလိမ္မာလှပြီဟုမထင်မမှတ်ကြစေရန် ငါသည်ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အရာကိုသင်တို့အားဖော်ပြလို၏။ ထိုလျှို့ဝှက် နက်နဲသောအရာမှာဤသို့တည်း။ ယုဒအမျိုး သားတို့သည်အမြဲစိတ်နှလုံးထိုင်းမှိုင်းလျက် နေကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းကိုခံရ မည့်လူမျိုးခြားတို့အရေအတွက်ပြည့်စုံ လာသည့်ကာလအထိသာဖြစ်၏။-
သင်တို့သည်မိမိတို့ကိုယ်ကိုထင်သင့်သည် ထက်ပို၍အထင်မကြီးကြစေရန် ငါခံစား ရသောဘုရားသခင်၏ကျေးဇူးတော်ကြောင့် သင်တို့အပေါင်းအားငါမှာကြားလို၏။ သင် တို့အသီးသီးတို့အားဘုရားသခင်ချ ပေးတော်မူသောယုံကြည်ခြင်းပမာဏ အတိုင်းမိမိတို့ကိုယ်ကိုသင့်လျော်စွာထင် ကြလော့။-
မမှန်ကန်သောနှိမ့်ချခြင်း၊ ကောင်းကင်တမန် တို့အားဝတ်ပြုကိုးကွယ်ခြင်းတို့ကိုအလေး အနက်ပြောဆို၍မိမိတို့တွေ့မြင်သည့်ဗျာ ဒိတ်ရူပါရုံများကိုအကြောင်းပြုကာ မိမိ တို့ကအခြားသူတို့ထက်သာသည်ဟုပြော ဆိုတတ်သူများကသင်တို့အားရှုတ်ချခွင့် ကိုမပေးနှင့်။ သူတို့သည်လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက်အကြောင်းမဲ့စိတ် နေမြင့်လျက်ရှိကြ၏။-
ကောင်းကင်တမန်များအားမဖြစ်မနေကိုး ကွယ်ရခြင်း၊ မမှန်ကန်သောစိတ်နှိမ့်ချခြင်း၊ အလွန်အမင်းကိုယ်ခန္ဓာကိုနှိပ်စက်ခြင်းတည်း ဟူသောဥပဒေတို့သည် ဉာဏ်ပညာနှင့်ယှဉ် သောဥပဒေပညတ်များဖြစ်ဟန်တူသော် လည်းကာယတပ်မက်မှုများကိုထိန်းချုပ် ရာတွင်မည်သို့မျှအထောက်အကူမပေး ချေ။
ထိုသူတို့ကလူတို့အားထိမ်းမြားမင်္ဂလာမ ပြုရန်နှင့်အချို့သောအစားအစာများကို ရှောင်ကြဉ်ကြစေရန်သွန်သင်ကြ၏။ သို့ရာတွင် ယုံကြည်၍သမ္မာတရားတော်ကိုသိကျွမ်းသူ တို့သည်ကျေးဇူးတော်ကိုချီးမွမ်းလျက် စား သောက်နိုင်ကြစေရန်ဤအစားအစာများ ကိုဘုရားသခင်ဖန်ဆင်းထားတော်မူ၏။-