ဒေသနာကျမ်း။ 7:10Common Language Bibleရှေးကာလသည် ယခုကာလထက် အလယ် ကြောင့် သာ၍ကောင်းသနည်းဟုမမေးနှင့်။ ထိုသို့မေး လျှင်၊ ပညာတရားအတိုင်းမေးသည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက၊ ``ဇနီးသည်ကိုကွာရှင်းပစ် လိုက်သည့် ယောကျာ်းကဲ့သို့၊ ငါသည်မိမိ၏လူမျိုးတော်အားနှင်ထုတ်လိုက် သည်ဟု သင်တို့ထင်မှတ်ကြပါသလော။ ယင်းသို့နှင်ထုတ်လိုက်ပါမူဖြတ်စာများကား အဘယ်မှာရှိပါသနည်း။ မိမိ၏သားသမီးများကိုကျွန်အဖြစ် ရောင်းစားသူကဲ့သို့၊ငါသည်သင်တို့အား သုံ့ပန်းအဖြစ်ဖြင့်ရောင်းချလိုက်သည်ဟုသင်တို့ ထင်မှတ်ကြပါသလော။ သင်တို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြ သည်မှာ သင်တို့၏အပြစ်များကြောင့်ဖြစ်ပေသည်။ သင်တို့သည်မိမိတို့ကူးလွန်ကြသည့် ရာဇဝတ်မှုများကြောင့်အနှင်ခံရကြခြင်း ဖြစ်၏။
ဂိဒေါင်ကသူ့အား``အို အရှင်၊ အကယ်၍ထာဝရ ဘုရားသည်အကျွန်ုပ်တို့နှင့်အတူရှိတော်မူသည် မှန်ပါလျှင် အဘယ်ကြောင့်ဤဘေးဆိုးသင့်ရောက် ရပါသနည်း။ ထာဝရဘုရားသည်မိမိတို့အား အီဂျစ်ပြည်မှထုတ်ဆောင်လာပုံ အစရှိသည့် အံ့သြဖွယ်အမှုအရာများကိုပြုတော်မူ ကြောင်းဘိုးဘေးတို့ပြောဆိုခဲ့ကြပါ၏။ ထို အံ့သြဖွယ်ရာတို့သည်အဘယ်မှာနည်း။ ထာဝရ ဘုရားသည်အကျွန်ုပ်တို့ကိုစွန့်၍မိဒျန်အမျိုး သားတို့၏လက်သို့အပ်တော်မူပါပြီတကား'' ဟုပြော၏။