Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 3:5

Common Language Bible

ကျောက်တို့ကို ဖြန့်ကြဲရသောအချိန်နှင့် စုသိမ်းရ သော အချိန်လည်း ရှိ၏။ ဘက်ယမ်းရသောအချိန်နှင့်၊ မဘက်ယမ်းဘဲ ခွဲခွါ၍ နေရသောအချိန်လည်း ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

မြေ​ကောင်း​မြေ​သန့်​ကို​တွေ့​ရှိ​သည့်​အ​ခါ​တိုင်း ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကိုယ်​စီ​ကိုယ်​ငှ ကျောက်​ခဲ​တစ်​လုံး​စီ​ပစ်​ချ​ကြ​သ​ဖြင့် နောက်​ဆုံး ၌​ထို​မြေ​တို့​ကို​ကျောက်​ခဲ​များ​ဖြင့်​ဖုံး​အုပ်​စေ ကြ​၏။ စမ်း​ရေ​တွင်း​ရှိ​သ​မျှ​ကို​လည်း​ပိတ်​ဆို့​၍ သစ်​သီး​ပင်​များ​ကို​လည်း​ခုတ်​လှဲ​ကြ​၏။ နောက် ဆုံး​၌​ကိ​ရ​ဟ​ရက်​မြို့​တော်​သာ​လျှင်​ကျန်​တော့ သ​ဖြင့် လောက်​လွှဲ​တပ်​သား​တို့​သည်​ထို​မြို့​ကို ဝိုင်း​ရံ​တိုက်​ခိုက်​ကြ​၏။

မော​ရှေ​က​သူ​တို့​အား``တ​တိ​ယ​နေ့​တွင် အ​သင့်​ရှိ​စေ​ကြ​လော့။ ဤ​အ​တော​အ​တွင်း မ​ယား​နှင့်​မ​ဆက်​ဆံ​ကြ​နှင့်'' ဟု​ပြော ကြား​လေ​၏။

ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသော အချိန်လည်း ရှိ၏။

ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက် ရသောအချိန်လည်းရှိ၏။

လူ​တို့​ကို​ခေါ်​ယူ​စု​ဝေး​၍​မြင့်​မြတ်​သော စည်း​ဝေး​ပွဲ တစ်​ရပ်​ကို​ပြင်​ဆင်​ကြ​လော့။ အ​သက်​ကြီး​သူ​များ​ကို​ခေါ်​ဖိတ်​၍ က​လေး​သူ​ငယ်​များ​နှင့်၊နို့​စို့​ရွယ်​များ​ကို​ပါ စု​ဝေး​စေ​ကြ​လော့။ ထိမ်း​မြား​မင်္ဂ​လာ​ပြု​ပြီး​ခါ​စ ဇ​နီး​မောင်​နှံ​များ​ပင်​လျှင်​မိ​မိ​တို့​၏​အ​ခန်း များ​ကို စွန့်​ခွာ​လာ​ရ​ကြ​ပေ​မည်။

သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​အ​တွက်​အ​ချိန် ပေး​ရန် ကြို​တင်​သ​ဘော​တူ​ညီ​ချက်​အ​ရ​ခေတ္တ ဆိုင်း​ငံ့​ခြင်း​မှ​တစ်​ပါး မိ​မိ​တို့​၏​လင်​မ​ယား ဝတ်​များ​ကို​မ​ပျက်​မ​ကွက်​ကြ​စေ​နှင့်။ ဆု​တောင်း ပတ္ထ​နာ​ပြု​ချိန်​ကုန်​ဆုံး​သော​အ​ခါ​၌​မူ ပြန် လည်​ပေါင်း​သင်း​၍​နေ​ကြ​လော့။ သို့​မှ​သာ​လျှင် မိ​မိ​တို့​၏​စိတ်​ကို​ချုပ်​တည်း​နိုင်​လျက် စာ​တန် သွေး​ဆောင်​ခြင်း​ကို​ခံ​နိုင်​ကြ​လိမ့်​မည်။

နေ​ဝင်​ချိန်​သို့​ရောက်​သော်​ယော​ရှု​က​အ​လောင်း များ​ကို​သစ်​ပင်​ပေါ်​မှ​ဖြုတ်​ချ​၍ သူ​တို့​ပုန်း အောင်း​နေ​ခဲ့​သော​လိုဏ်​ဂူ​ထဲ​သို့​ပစ်​သွင်း​ရန် အ​မိန့်​ပေး​လေ​သည်။ ထို​နောက်​လိုဏ်​ဂူ​ဝ​ကို ကျောက်​တုံး​ကြီး​များ​ဖြင့်​ပိတ်​ထား​စေ​ရာ ယ​နေ့​တိုင်​ကျောက်​တုံး​ကြီး​များ​ကို​တွေ့ မြင်​နိုင်​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ