ဒေသနာကျမ်း။ 3:12Common Language Bibleရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူး ပြုခြင်း အမှုမှတပါး အခြားသော အမှုအရာတို့၌၊ အကျိုး ကျေးဇူးမရှိသည်ကို ငါသိ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်သည်မှန်ရာကိုပြုကျင့်၍ပျော်မွေ့ တတ်သူများအားလည်းကောင်း၊ ကိုယ်တော်ရှင် ၏အလိုတော်အတိုင်းပြုကျင့်ရန်မမေ့မ လျော့တတ်သူများအားလည်းကောင်းကြိုဆို လက်ခံတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန် တော်မျိုးတို့အားအမျက်ထွက်တော်မူသော် လည်း ကျွန်တော်မျိုးတို့သည်အပြစ်ကူးမြဲ ကူးလျက်နေကြပါ၏။ ကိုယ်တော်အမျက် ထွက်နေပါလျက်ကျွန်တော်မျိုးတို့သည် အမှားကိုပြုမြဲပြုကြပါ၏။ ရှေးယခင် ကစ၍ဤသို့ပြုခဲ့မိကြပါ၏။-
သင်တို့နှင့်သင်တို့၏သားသမီးများ၊ ကျေး ကျွန်များ၊ သင်တို့မြို့ရွာများတွင်နေထိုင် သောလေဝိအမျိုးသားများသည် ဤပူဇော် သကာများကိုသင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးချယ်သည့်တစ်ခုတည်း သောကိုးကွယ်ရာဌာန၌သာစားသုံးရ မည်။ သင်တို့သည်ထိုဌာနတွင်သင်တို့အလုပ် လုပ်၍ ရရှိသောအစားအစာများကိုပျော် ရွှင်စွာစားသုံးကြလော့။-
ထာဝရဘုရားသည်သင်တို့အားကြီးပွား တိုးတက်စေရာ၌လည်းကောင်း၊ လူဦးရေ တိုးပွားများပြားစေရာ၌လည်းကောင်း၊ နှစ်သက်အားရတော်မူသည့်နည်းတူသင် တို့ကိုသုတ်သင်ဖျက်ဆီးရာ၌လည်း ကောင်း၊ အကျိုးနည်းဆုံးရှုံးစေရာ၌ လည်းကောင်း နှစ်သက်အားရတော်မူလိမ့် မည်။ သင်တို့ဝင်ရောက်သိမ်းယူမည့်ပြည်မှ သင်တို့အားထုတ်ပယ်တော်မူလိမ့်မည်။