ဒေသနာကျမ်း။ 2:6Common Language Bibleသစ်ပင်မျိုးနှင့် ပြည့်စုံသောတောကို ရေလောင်း စရာဘို့ ရေကန်တို့ကိုလည်း လုပ်၏။ အခန်းကိုကြည့်ပါ။ |
ဗိမာန်တော်ရဲတိုက်ဝင်းတံခါးများ၊ မြို့ရိုး များနှင့်ငါ၏အိမ်အတွက်သစ်ပေးရန်ဘုရင့် သစ်တောဝန်အာသပ်ထံသို့ အမှာတော်စာ ကိုလည်းကောင်းသနားတော်မူရန်ပန်ကြား ၏။ ဘုရားသခင်သည်ငါနှင့်အတူရှိတော် မူသည်ဖြစ်၍ ဧကရာဇ်မင်းသည်ငါတောင်း သမျှသောအရာတို့ကိုပေးသနားတော် မူပေသည်။
ကောလဟောဇ၏သား၊ မိဇပါနယ်ကိုအုပ် ချုပ်ရသူရှလ္လုံသည် စမ်းရေတွင်းတံခါးကို ပြန်လည်တည်ဆောက်ကာအမိုးမိုး၍တံခါး ရွက်များ၊ မင်းတုပ်များနှင့်ကန့်လန့်ကျင် များကိုတပ်ဆင်၏။ သူသည်ဘုရင်ဥယျာဉ် အနီး၊ ရှိလောင်ရေကန်မြို့ရိုးကိုဒါဝိဒ်မြို့ တော်လှေကားတိုင်အောင်တည်ဆောက်လေ သည်။