တဖန်လူသားတို့သည် မိုဃ်းကောင်းကင် အောက်၌၊ တသက်လုံးပြုသင့်သောအမှုကောင်းကို သိအံ့ သောငှါ၊ ပညာတရားကို လေ့ကျက်လျက်နှင့်၊ စပျစ်ရည် အလိုသို့လိုက်၍၊ မိုက်သောအကျင့်စလေ့၌ ကျင်လည်ခြင်း ငှါ၊ ငါကြံစည်၏။
ယာကုပ်က``ကျွန်တော်မျိုးသည်လောကတွင် ဧည့်သည်အာဂန္တုအဖြစ်နှစ်ပေါင်းတစ်ရာ့သုံး ဆယ်နေထိုင်ခဲ့ပါပြီ။ သို့ရာတွင်ဘိုးဘေး တို့၏သက်တမ်းကိုမမီပါ။ ကျွန်တော်မျိုး အသက်ရှင်ခဲ့သောနှစ်များမှာတို၍ကြမ်း တမ်းလှပါ၏'' ဟုလျှောက်လေ၏။-
လူသည် သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံလျက်နေ ပါမည်။
မိမိအားစိတ်ကိုပျော်ရွှင်စေရန် စပျစ်ရည်ကိုလည်းကောင်း၊ လန်းဆန်းစေရန်သံလွင်ဆီကိုလည်းကောင်း၊ ခွန်အားဖြစ်စေရန်အစားအစာကိုလည်းကောင်း ရရှိနိုင်ပါ၏။
စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့သောအားဖြင့် မှားယွင်းသော သူသည် ပညာ မရှိ။
ပညာတရားကို၎င်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲ ခြင်းတို့ကို၎င်း ပိုင်းခြား၍ သိအံ့သောငှါ ငါသည်နှလုံး ထား၏။ ထိုအမှုသည်လည်း၊ လေကို ကျက်စားသောအမှု ဖြစ်သည်ကို ရိပ်မိ၏။
ပျော်မွေ့ခြင်းငှါ ပွဲကိုလုပ်တတ်၏။ စပျစ်ရည် သည်လည်း ရွှင်လန်းစေတတ်၏။ ငွေမူကား၊ အရာရာ၌ နိုင်တတ်၏။
အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးအစုံတို့ကို ချုပ်ခြာသတည်း။
စားသောက်ခြင်းငှါ၎င်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှါ၎င်း၊ လူ၌ကောင်းသောအခွင့် မရှိ။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ၊ ထိုသို့သော အခွင့်ကို ရနိုင်သည်ဟု ငါသိမြင်၏။
ငါသိမြင်သောအရာဟူမူကား၊ စားသောက်ခြင်း အမှု၊ နေအောက်၌ ဘုရားသခင်ပေးတော်မူသော အသက်ရှည်သမျှ ကာလပတ်လုံး၊ ကြိုးစားအားထုတ်၍ ရသော အကျိုး၌ပျော်မွေ့ခြင်းအမှုကို ပြုကောင်း၏။ လျောက်ပတ်၏။ ထိုအမှုသည် လူ၏အဘို့ ဖြစ်၏။
အရိပ်အကဲသို့ လွန်တတ်သော အနတ္တအသက် ကာလပတ်လုံး၊ လူ၌ကျေးဇူးပြုတတ်သောအရာကို အဘယ်သူသိနိုင်သနည်း။ နေအောက်၌ လူနောက်မှာ ဖြစ်လတံ့သော အမှုအရာတို့ကိုလည်း၊ အဘယ်သူပြော နိုင်သနည်း။
ဤစကားကိုစွဲလန်းကောင်း၏။ လက်မလွှတ်နှင့်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူသည် ခပ်သိမ်းသော အမှုထဲက ထွက်မြောက်လိမ့်မည်။
ပညာတရားနှင့် အကျိုးအကြောင်းကို ရှာဖွေ စစ်ဆေး၍ သိနားလည်ခြင်းငှါ၎င်း၊ မိုက်စွာကျင့်ခြင်း၏ အပြစ်နှင့် ရူးခြင်း၏အပြစ်ကို သိနားလည်ခြင်းငှါ၎င်း၊ ငါနှင့်ငါ့နှလုံးသည် ဝိုင်းညီ၍ ကြိုးစားလေပြီ။
ထိုအခါ ပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း၏။ အကြောင်းမူကား၊ လူသည်နေအောက်မှာ စားသောက် ခြင်း၊ ပျော်မွေ့ခြင်းအမှု ထက်သာ၍ ကောင်းသောအမှု မရှိ။ နေအောက်မှာ ဘုရားသခင် ပေးသနားတော်မူသော အသက်ကာလ၌၊ ကြိုးစားအားထုတ်၍ ရသောအကျိုး တို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။
``မည်သူမျှသခင်နှစ်ဦး၏အစေကိုမခံနိုင်။ သခင် တစ်ဦးကိုမုန်း၍တစ်ဦးကိုချစ်လိမ့်မည်။ သခင်တစ်ဦး ကိုသစ္စာစောင့်၍တစ်ဦးကိုမလေးမခန့်ပြုလိမ့်မည်။ သင်တို့သည်တစ်ချိန်တည်း၌ဘုရားသခင်၏ အစေနှင့်လောကစည်းစိမ်၏အစေကိုမခံနိုင်ကြ။
သင်တို့အားပျက်စီးစေမည့်သေသောက်ကြူးခြင်း ကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်ဝလျက်ရှိကြ လော့။-
သို့ရာတွင်စပျစ်နွယ်ပင်က`သင်တို့အားအုပ်စိုး နိုင်ရန် ငါသည်ဘုရားသခင်၏စိတ်နှင့်လူ၏ စိတ်ကိုရွှင်လန်းစေတတ်သော စပျစ်ရည်ကို ထုတ်လုပ်ပေးမှုမှရပ်စဲလိုက်ရပေလိမ့်မည်' ဟုပြန်ပြောလေသည်။-
အဘိဂဲလသည်လည်းနာဗလထံသို့ပြန် လေ၏။ နာဗလကားမိမိ၏အိမ်တွင် ဘုရင့် ပွဲတော်တမျှခမ်းနားသည့်စားပွဲကြီးကို ကျင်းပလျက်နေ၏။ သူသည်သေရည်ယစ်မူး ကာပျော်ရွှင်လျက်ရှိသဖြင့် အဘိဂဲလ သည်သူ့အားနောက်တစ်နေ့နံနက်တိုင်အောင် အဘယ်အရာကိုမျှမပြောဘဲနေ၏။-