ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက် သော သူသေသကဲ့သို့ သေတတ်ပါသည်တကား။
ဒါဝိဒ်သည်အာဗနာအတွက်ငိုချင်းကိုဖွဲ့ ဆိုတော်မူ၏။ အဆိုပါငိုချင်းမှာ ``အို အာဗနာသင်သည်အဘယ်ကြောင့် လူမိုက်တစ်ယောက်ကဲ့သို့သေရပါသနည်း။
လေတိုက်သောအခါပန်းပွင့်သည် ကြွေပျောက်၍သွားသဖြင့် ယင်းကိုနောက်တစ်ဖန်မတွေ့မမြင်ရတော့ပေ။
ပညာရှိတို့သည်လည်းကောင်း၊မိုက်မဲ၍ အသိဉာဏ်တုံးသူတို့သည်လည်းကောင်း သေခြင်းတရားကိုမလွန်ဆန်နိုင်ကြောင်းကို မည်သူမဆိုတွေ့မြင်နိုင်ပေသည်။ သူတို့အားလုံးပင်မိမိတို့၏ဥစ္စာပစ္စည်းများကို သားမြေးများအတွက်ထားခဲ့ရကြ၏။
ကိုယ်တော်ရှင်၏ထူးဆန်းသောနိမိတ်လက္ခဏာ များကို ထိုမှောင်မိုက်ရာအရပ်၌လည်းကောင်း၊ ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းကို မေ့လျော့ရာအရပ်၌လည်းကောင်းသိမြင်ခြင်း ရှိပါသလော။
အချိန်တန်သော်ယောသပ်နှင့်သူ၏ညီအစ်ကိုများနှင့်တကွ သူတို့၏ခေတ်ကဆွေမျိုးသားချင်းအပေါင်းတို့သည်ကွယ်လွန်ကြကုန်၏။-
ထိုနောက်အီဂျစ်ပြည်တွင် ယောသပ်အကြောင်းကိုလုံးဝမကြားဘူးသောဘုရင်တစ်ပါးနန်းတက်လာလေ၏။-
ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။
ရှေးဖြစ်ဘူးသော အမှုအရာတို့ကို မေ့လျော့ တတ်၏။ နောက်ဖြစ်လတံ့သောအမှုအရာတို့ကိုလည်း၊ ထိုအမှုအရာနောက်၌ ဖြစ်လတံ့သော သူတို့သည် မေ့လျော့ကြလိမ့်မည်။
ပညာရှိသောသူ၏ မျက်စိတို့သည် သူ၏ ဦးခေါင်း၌ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော်အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ ၏။
သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည် တွေ့ကြုံလျှင်၊ အဘယ်ကြောင့်သူ့ထက်သာ၍ ပညာ ရှိသနည်းဟူ၍၎င်း၊ ဤအမှုအရာသည်လည်း အနတ္တ ဖြစ်သည်ဟူ၎င်း ငါအောက်မေ့၏။
ပညာရှိသော သူသည် မိုက်သောသူထက် အဘယ်ကျေးဇူးရှိသနည်း။ အသက်ရှင်သောသူများရှေ့ မှာ ကျင့်ကြံပြုမူတတ်သော ဆင်းရဲသား၏ အကျိုးကျေးဇူး ကား အဘယ်သို့နည်း။
မသာအိမ်သို့ သွားခြင်းသည်၊ ပွဲခံရာအိမ်သို့ သွားခြင်းထက်သာ၍ကောင်း၏။ အကြောင်းမူကား၊ လူခပ်သိမ်းတို့သည် မသာအိမ်၌ လမ်းဆုံးရကြ၏။ အသက်ရှင်လျက်ရှိသောသူတို့လည်း၊ အသင့်နှလုံး သွင်းမိကြလိမ့်မည်။
ထိုမှတပါး၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွား လာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကို ၎င်း၊ အဓမ္မပြုဘူးသောမြို့၌ သူတို့ကိုအဘယ်သူမျှ မအောက် မေ့ကြောင်းကို၎င်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
ထိုမြို့၌နေသော ဆင်းရဲသားပညာရှိတယောက် သည် မိမိပညာအားဖြင့် ထိုမြို့ကို ကယ်တင်၏။ သို့သော် လည်း၊ ထိုဆင်းရဲသားကို အဘယ်သူမျှ မအောက်မေ့။
အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်းမခံရ။ သူ့ကိုလည်း မေ့လျော့တတ် ကြ၏။
ထိုအခါမိမိအားကြောက်ရွံ့ရိုသေသော သူတို့အချင်းချင်းပြောဆိုနေကြသည့် စကားများကို ထာဝရဘုရားသည်နား ထောင်လျက်နေတော်မူသဖြင့်ကြားတော် မူ၏။ ထာဝရဘုရားအားကြောက်ရွံ့ရိုသေ သူများ၏စားရင်းကို ရှေ့တော်တွင်စာစောင် တစ်ခု၌ရေးမှတ်ထားရှိ၏။-
လူသည်တစ်ကြိမ်တည်းသာသေရ၍ထို့နောက် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံရ၏။-