Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဒေသနာကျမ်း။ 11:6

Common Language Bible

နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌ လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာ သည် အကျိုးရှိမည်ကို၎င်း၊ နှစ်ပါးစလုံးတို့သည် အညီ အမျှအကျိုးရှိမည်ကို၎င်း မသိနိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အကယ်စင်စစ် အလင်းသည်ချို၏။ နေရောင် ခြည်ကိုမြင်၍ ပျော်ပါးစရာရှိ၏။

အထက်ဆိုခဲ့ပြီးသော အမှုအရာအလုံးစုံတို့ကို ငါသည် စုံစမ်းခြင်းငှါ ဆင်ခြင်ရသည်ကား၊ ဖြောင့်မတ် သောသူနှင့် ပညာရှိသောသူတို့သည် သူတို့ပြုသောအမှု များနှင့်တကွ၊ ဘုရားသခင်၏ လက်တော်၌ ရှိကြ၏။ ချစ်တော်မူသော လက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့် အဘယ်သူမျှမသိနိုင်။

ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။

``ငါ​၏​နှုတ်​က​ပတ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို ရေ​ပေး​ရန်​သက်​ရောက်​လာ​သည့် မိုး​နှင့်​မိုး​ပွင့်​များ​ကဲ့​သို့​ဖြစ်​၏။ ထို​အ​ရာ​တို့​သည်​ကောက်​ပဲ​သီး​နှံ​ပင်​များ​ကို ပေါက်​စေ​တတ်​၏။ စိုက်​ပျိုး​ရန်​မျိုး​စေ့​များ​နှင့်​စား​သုံး​ရန် အ​စား​အ​စာ​များ​ကို​ဖြစ်​ပွား​စေ​တတ်​၏။

ငါ​က`သင်​တို့​အ​တွက်​မြေ​ရိုင်း​ကို​ထွန်​ယက် ၍​တ​ရား​မျှ​တ​မှု​မျိုး​စေ့​ကို​ကြဲ​လော့၊ ငါ့ အား​သစ္စာ​စောင့်​ခြင်း​၏​အ​သီး​အ​နှံ​ကို ရိတ်​သိမ်း​လော့၊ သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား ထံ​သို့​ပြန်​လာ​ချိန်​ရောက်​ပြီ။ ငါ​သည်​လည်း ကြွ​လာ​၍​သင်​တို့​အား​ကောင်း​ကြီး​ပေး တော်​မူ​မည်' ဟု​မိန့်​တော်​မူ​၏။-

မျိုး​စေ့​အ​နည်း​ငယ်​ကို​ကြဲ​သော​သူ​သည် စ​ပါး​အ​နည်း​ငယ်​ကို​သာ​ရိတ်​သိမ်း​ရ​လိမ့် မည်။ များ​စွာ​သော​မျိုး​စေ့​တို့​ကို​ကြဲ​သော သူ​မူ​ကား များ​စွာ​သော​စ​ပါး​တို့​ကို​ရိတ် သိမ်း​ရ​လိမ့်​မည်​ဖြစ်​ကြောင်း​သ​တိ​ပြု​လော့။-

(အ​ချိန်​အ​ခါ​သင့်​သည်​ဖြစ်​စေ၊ မ​သင့်​သည် ဖြစ်​စေ) တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ လော့။ ကြား​နာ​သူ​တို့​အား​နား​လည်​သ​ဘော ပေါက်​စေ​လော့။ ဆုံး​မ​လော့။ အား​ပေး​တိုက်​တွန်း လော့။ စိတ်​ရှည်​စွာ​သွန်​သင်​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ