ငယ်သားအစိုးရ၍ မှူးမတ်များအချိန်မဲနံနက် စောစော စားသောက်တတ်သောပြည်သည် အမင်္ဂလာ ရှိ၏။
ငါ့ခမည်းတော်တင်သောဝန်လေးသည်မှန်၏။ ငါ တင်သောဝန်ကားထိုထက်ပင်ပို၍လေးလိမ့်မည်။ သူသည်သင်တို့အားကြိမ်နှင့်ရိုက်၏။ ငါမူကား ကြာပွတ်နှင့်ရိုက်အံ့' ဟုဖြေကြားတော်မူပါ'' ဟုလျှောက်ကြ၏။
ယုတ်မာသူလူတစ်စုကိုစုရုံးလေသည်။ သူတို့ သည်ရှောလမုန်၏သားတော်ရောဗောင်အား မိမိ တို့ဆန္ဒရှိသည်အတိုင်းပြုလုပ်စေကြ၏။ ရော ဗောင်သည်နုနယ်၍အတွေ့အကြုံမရှိသူဖြစ် သဖြင့်သူတို့အားခုခံနိုင်စွမ်းမရှိပေ။-
ဇေဒကိသည်အသက်နှစ်ဆယ့်တစ်နှစ်ရှိသော အခါယုဒဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်တစ်ဆယ့်တစ်နှစ်နန်းစံရလေ သည်။-
ယောခတ်သည်အသက်နှစ်ဆယ့်သုံးနှစ်ရှိ သောအခါယုဒပြည်ဘုရင်အဖြစ်နန်း တက်၍ ယေရုရှလင်မြို့တွင်သုံးလမျှ နန်းစံရလေသည်။-
ယောယကိမ်သည်အသက်နှစ်ဆယ့်ငါးနှစ် ရှိသောအခါယုဒပြည်ဘုရင်အဖြစ်နန်း တက်၍ ယေရုရှလင်မြို့၌တစ်ဆယ့်တစ်နှစ် နန်းစံရလေသည်။ သူသည်မိမိ၏ဘုရားသခင်ထာဝရဘုရားကိုပြစ်မှား၏။-
ယေခေါနိသည်အသက်တစ်ဆယ့်ရှစ်နှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက် ၍ယေရုရှလင်မြို့တွင်သုံးလမျှနန်းစံ ရလေသည်။ သူသည်လည်းထာဝရဘုရား ကိုပြစ်မှား၏။-
ဥာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ် ၏။ လောဘကို မုန်းသောမင်းမူကား၊ အသက်တာရှည်လိမ့် မည်။
မြို့သို့သွာသောလမ်းကို မသိသောသူကဲ့သို့ မိုက်သော သူသည် ကြိုးစားအားထုတ်သော်လည်း၊ သူတပါးတို့ကို ပင်ပန်းစေတတ်၏။
ငွေချေးစားသူတို့သည်ငါ၏လူများအား နှိပ်စက်ကြ၏။ ငွေရှင်ကြေးရှင်များကသူတို့ အားလိမ်လည်လှည့်ဖြားကြ၏။ ငါ၏လူတို့၊ သင်တို့၏ခေါင်းဆောင်များသည်သင်တို့အား လမ်းမှားကိုပြလျက်နေသဖြင့် သင်တို့သည် အဘယ်လမ်းသို့လိုက်ရမည်ကိုပင်မသိ နိုင်ကြတော့ပေ။