Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 9:6

Common Language Bible

နောက်​တစ်​နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိန့် တော်​မူ​သည့်​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့် အီ​ဂျစ် အ​မျိုး​သား​တို့​၏​တိ​ရစ္ဆာန်​အား​လုံး​သေ​ကျေ ကြ​ကုန်​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​တိရစ္ဆာန်​တစ်​ကောင်​မျှ​မ​သေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​ကျွဲ​နွား​တိ​ရစ္ဆာန်​များ​ကို မိုး​သီး​အား​ဖြင့်​လည်း​ကောင်း၊ သိုး​အုပ်​ဆိတ်​အုပ်​များ​ကို​မိုး​ကြိုး အား​ဖြင့်​လည်း​ကောင်း​ဖျက်​ဆီး​ပစ်​တော်​မူ​၏။

ကိုယ်​တော်​သည်​အ​မျက်​တော်​ကို​ချုပ်​တည်း​တော်​မ​မူ။ ထို​သူ​တို့​၏​အ​သက်​ကို​လည်း​ချမ်း​သာ​ပေး တော်​မ​မူ။ သူ​တို့​အား​ကပ်​ရော​ဂါ​အား​ဖြင့်​သေ​ကြေ​ပျက်​စီး စေ​တော်​မူ​၏။

``ထို​နေ့​ည​တွင်​ငါ​သည် အီ​ဂျစ်​ပြည်​ကို​ဖြတ် သန်း​ကြွ​သွား​၍ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​သား​ဦး ရှိ​သ​မျှ​တို့​ကို​သေ​ဒဏ်​ခတ်​၍ အီ​ဂျစ်​ပြည် ရှိ​ဘု​ရား​အ​ပေါင်း​တို့​ကို​ဒဏ်​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။-

သန်း​ခေါင်​အ​ချိန်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ဘု​ရင်​၏​နန်း​လျာ​သား​ဦး​မှ​စ​၍ ထောင်​တွင်း​ရှိ အ​ကျဉ်း​သ​မား​သား​ဦး​တိုင် အောင်​အီ​ဂျစ်​ပြည်​ရှိ​သား​ဦး​မှန်​သ​မျှ​ကို လည်း​ကောင်း၊ တိ​ရစ္ဆာန်​တို့​၏​သား​ဦး​ဟူ​သ​မျှ ကို​လည်း​ကောင်း​သေ​ဒဏ်​စီ​ရင်​တော်​မူ​၏။-

ထို​နေ့​တွင်​ငါ​၏​လူ​မျိုး​တော်​နေ​ထိုင်​ရာ ဂေါ​ရှင်​ဒေ​သ​ကို​ချန်​လှပ်​၍​ထား​သ​ဖြင့် ထို ဒေ​သ​၌​မှက်​ကောင်​မ​ရှိ​စေ​ရ။ ထို​သို့​ပြု​ခြင်း အား​ဖြင့်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပြည် တွင်​ရှိ​တော်​မူ​ကြောင်း​ကို​သင်​သိ​ရ​လိမ့်​မည်။-

အီဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင်​အ​ကာ အ​ကွယ်​မ​ရှိ​သော လူ​နှင့်​တိ​ရစ္ဆာန်​အ​ပေါင်း တို့​သည်​မိုး​သီး​ဒဏ်​ကြောင့်​သေ​ကျေ​ကြ ကုန်​၏။ လယ်​ကွင်း​ထဲ​၌​ရှိ​သော​သီး​နှံ​များ နှင့်​သစ်​ပင်​အား​လုံး​တို့​သည်​လည်း​ပျက်​စီး ကုန်​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ ဂေါ​ရှင်​ဒေ​သ​သည်​သာ​လျှင် မိုး​သီး​မိုး ဒဏ်​မှ​လွတ်​ကင်း​သည်။

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​တိ​ရစ္ဆာန်​နှင့် အီ​ဂျစ်​အ​မျိုး သား​တို့​၏​တိ​ရစ္ဆာန်​တို့​ကို​ခွဲ​ခြား​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပိုင်​သော​တိ​ရစ္ဆာန်​တစ်​ကောင်​မျှ မ​သေ​စေ​ရ။-

ငါ​သည်​နက်​ဖြန်​နေ့​၌​ထို​အ​မှု​ကို​ပြု​မည်' ဟု​ထာ​ဝ​ရ​ဘု​ရား​အ​ချိန်​ကန့်​သတ်​တော်​မူ ကြောင်း​ကို​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ