Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 9:28

Common Language Bible

ငါ​တို့​သည်​မိုး​သီး​နှင့်​မိုး​ကြိုး​ဒဏ်​ကို​မ​ခံ နိုင်​တော့​ပြီ​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ​ဆု တောင်း​ပေး​ပါ​လော့။ ငါ​သည်​သင်​တို့​အား ချက်​ခြင်း​သွား​ခွင့်​ပေး​ပါ​မည်'' ဟု​ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယေ​ရော​ဗောင်​မင်း​က``အ​ကျွန်ုပ်​၏​လက်​ပျောက်​ကင်း စေ​ရန် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ အ​သ​နား​ခံ​ပါ​လော့'' ဟု​တောင်း​ပန်​၏။ ပ​ရော​ဖက်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု တောင်း​သ​ဖြင့် မင်း​ကြီး​၏​လက်​သည်​ရော​ဂါ ပျောက်​လေ​၏။-

ယ​ခု​တစ်​ကြိမ်​ငါ​၏​အ​ပြစ်​ကို​လွှတ်​၍ ဤ​ကပ်​ဆိုး​ကြီး​ကို​ဖယ်​ရှား​ပေး​ရန် သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ဆု တောင်း​ပတ္ထ​နာ​ပြု​ပါ​လော့'' ဟု​ဆို​လေ​၏။-

ထို​အ​ခါ​ဘု​ရင်​သည်​မော​ရှေ​ကို​ခေါ်​၍``ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ရန်​သွား​ကြ​လော့။ သင်​တို့ ၏​အ​မျိုး​သ​မီး​များ​နှင့်​က​လေး​များ​ကို​လည်း သင်​တို့​နှင့်​အ​တူ​သွား​ကြ​စေ။ သင်​တို့​၏ သိုး၊ ဆိတ်၊ နွား​များ​ကို​သာ​ထား​ခဲ့​ကြ​လော့'' ဟု ဆို​လေ​၏။

ထို့​ကြောင့်​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ အား​ပြန်​ခေါ်​လျက်``သင်​တို့​ဘု​ရား​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရန်​သွား​ကြ လော့။ သို့​သော်​မည်​သူ​တို့​သွား​ကြ​မည်​နည်း'' ဟု​မေး​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``ငါ​သည်​အီ​ဂျစ် ဘု​ရင်​နှင့်​အီ​ဂျစ်​ပြည်​သား​တို့​အား​နောက်​ဆုံး ဒဏ်​ခတ်​မည်။ ထို​နောက်​သူ​သည်​သင်​တို့​အား သွား​ခွင့်​ပြု​လိမ့်​မည်။ စင်​စစ်​အား​ဖြင့်​သင်​တို့ အား​လုံး​ကို​ဤ​ပြည်​မှ​နှင်​ထုတ်​လိမ့်​မည်။-

ထို​အ​ခါ​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို​ခေါ်​၍``သင်​တို့​၏​ဘု​ရား​အား​ဤ​ပြည် ထဲ​၌​ယဇ်​ပူ​ဇော်​လော့'' ဟု​ဆို​လေ​၏။

ဖာ​ရော​ဘု​ရင်​က``သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တော​ကန္တာ​ရ​၌​ယဇ်​ပူ ဇော်​ရန်​ငါ​စေ​လွှတ်​မည်။ သို့​ရာ​တွင်​ခ​ရီး ဝေး​မ​သွား​ရ။ ငါ့​အ​တွက်​ဆု​တောင်း​ပေး ပါ​လော့'' ဟု​ဆို​လေ​၏။

ဖား​တို့​သည်​သင်​နှင့်​သင်​၏​မှူး​မတ်၊ ပြည်​သူ​တို့ အ​ပေါ်​သို့​ခုန်​တက်​ကြ​လိမ့်​မည်' ဟု​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။

ထို​အ​ခါ​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို​ခေါ်​၍ ``ငါ​နှင့်​ငါ​၏​ပြည်​သား​တို့​ထံ​မှ ဖား​တို့​ကို​ဖယ်​ရှား​ပေး​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပါ​လော့။ သို့​ပြု​လျှင်​သင်​တို့​၏ အ​မျိုး​သား​များ ထာ​ဝ​ရ​ဘု​ရား​ကို​ယဇ် ပူ​ဇော်​ရန်​သွား​ခွင့်​ကို​ငါ​ပြု​မည်'' ဟု​ဆို​၏။

``ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နှင့်​သူ​၏ တပ်​မ​တော်​သည် မြို့​ကို​တိုက်​ခိုက်​ရန်​ဝိုင်း​ရံ လျက်​ရှိ​သည်​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​အား ငါ​တို့​အ​တွက်​လျှောက်​ထား​ပေး​ပါ။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​အ​တွက်​ထူး​ဆန်း​သည့် နိ​မိတ်​လက္ခ​ဏာ​ကို​ပြ​တော်​မူ​၍ နေ​ဗု​ခဒ် နေ​ဇာ​မင်း​အား​ပြန်​လည်​ဆုတ်​ခွာ​ကောင်း ဆုတ်​ခွာ​စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ပြော ကြား​လာ​၏။

ထို​ကြောင့်​လူ​များ​သည်​မော​ရှေ​ထံ​သို့​လာ ၍``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​ကိုယ် တော်​ကို ဆန့်​ကျင်​ပြော​ဆို​၍​ပြစ်​မှား​မိ​ပါ​ပြီ။ ဤ​မြွေ​များ​ကို​ဖယ်​ရှား​ပစ်​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပေး​ပါ​လော့'' ဟု​တောင်း​ပန်​ကြ​၏။ သို့​ဖြစ်​၍​မော​ရှေ​သည် သူ​တို့​အ​တွက်​ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​လေ​၏။-

ရှိ​မုန်​က``အ​ရှင်​တို့​မြွက်​ဆို​သည့်​အ​မှု​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ခံ​ရ​စေ​ရန် သ​ခင်​ဘု​ရား ထံ​အ​ကျွန်ုပ်​၏​အ​တွက်​ဆု​တောင်း​ပေး​တော်​မူ ကြ​ပါ'' ဟု​တောင်း​ပန်​လေ​သည်။

ရှ​မွေ​လ​အား``အ​ရှင်၊ အ​ကျွန်ုပ်​တို့​မ​သေ​ရ​လေ အောင် အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာဝ​ရ​ဘု​ရား​ထံ ကျွန်ုပ်​တို့​အ​ဖို့​ဆု​တောင်း​တော်​မူ​ပါ။ ကျွန်ုပ်​တို့ သည်​ရှင်​ဘု​ရင်​ကို​တောင်း​သော​ကြောင့်​အ​ပြစ် များ​တို့​အ​ပေါ်​မှာ​ထပ်​ဆင့်​၍​အ​ပြစ်​ကို​ပြု မိ​ပါ​ပြီ'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ