Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 9:13

Common Language Bible

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား ဟေ​ဗြဲ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဤ​သို့​မိန့်​တော်​မူ​ကြောင်း​ပြော​ကြား​လော့။ ``နံ နက်​စော​စော​တွင် ဘု​ရင်​နှင့်​သွား​ရောက်​တွေ့​ဆုံ ပြီး​လျှင်`ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​ငါ​၏​လူ​မျိုး တော်​ကို​သွား​ခွင့်​ပြု​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ငါ​၏​သား​သည်​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​စေ ရန် သူ့​ကို​သွား​ခွင့်​ပြု​ရန်​အ​မိန့်​ရှိ​သော်​လည်း သင်​သည်​သွား​ခွင့်​မ​ပေး။ ထို့​ကြောင့်​ငါ​သည်​သင် ၏​သား​ဦး​ကို​သေ​စေ​မည်' ဟု​ဆင့်​ဆို​လော့'' ဟူ ၍​မိန့်​တော်​မူ​၏။

နံ​နက်​တွင်​ဘု​ရင်​သည်​နိုင်း​မြစ်​ကမ်း​သို့​ဆင်း သော​အ​ခါ​သူ့​ထံ​သို့​သွား​လော့။ မြွေ​အ​ဖြစ် သို့​ပြောင်း​ခဲ့​သော​တောင်​ဝှေး​ကို​ယူ​ဆောင်​၍ မြစ်​ကမ်း​ပေါ်​တွင်​စောင့်​နေ​လော့။-

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``နံ​နက် စော​စော​အ​ချိန်​၌​ဘု​ရင်​သည်​ရေ​ဆိပ်​သို့​သွား သော​အ​ခါ သူ​နှင့်​တွေ့​ဆုံ​၍`ငါ​၏​လူ​မျိုး​တော် သည်​ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​သူ​တို့​ကို​သွား ခွင့်​ပြု​လော့။-

ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``ဘု​ရင်​ထံ သို့​သွား​၍ ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဤ​သို့​မိန့်​တော်​မူ ၏။ `ငါ့​အား​ဝတ်​ပြု​နိုင်​စေ​ရန်​ငါ​၏​လူ​မျိုး တော်​ကို​သွား​ခွင့်​ပြု​လော့။-

သင်​သည်​သွား​ခွင့်​မ​ပြု​ဘဲ​နေ​ဦး​မည်​ဆို​လျှင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ