ထွက်မြောက် 8:8Common Language Bibleထိုအခါဘုရင်သည် မောရှေနှင့်အာရုန်တို့ ကိုခေါ်၍ ``ငါနှင့်ငါ၏ပြည်သားတို့ထံမှ ဖားတို့ကိုဖယ်ရှားပေးရန်ထာဝရဘုရား ထံဆုတောင်းပါလော့။ သို့ပြုလျှင်သင်တို့၏ အမျိုးသားများ ထာဝရဘုရားကိုယဇ် ပူဇော်ရန်သွားခွင့်ကိုငါပြုမည်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
မောရှေက``နက်ဖြန်နေ့တွင်ကိုယ်တော်နှင့် မှူးမတ်ပြည်သူတို့ထံမှ မှက်ကောင်များကို ဖယ်ရှားပေးရန်ယခုကိုယ်တော်ထံမှထွက် သွားလျှင်သွားချင်း ထာဝရဘုရားထံ၌ ဆုတောင်းပေးပါမည်။ ထာဝရဘုရားကို ယဇ်ပူဇော်ရန်ဣသရေလအမျိုးသားတို့ အား ယခုသွားခွင့်ပြုပြီးမှမသွားရဟု နောက်တစ်ဖန်မလှည့်စားမတားဆီးပါ နှင့်'' ဟုလျှောက်ထားလေ၏။
ထိုကြောင့်လူများသည်မောရှေထံသို့လာ ၍``အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့်ကိုယ် တော်ကို ဆန့်ကျင်ပြောဆို၍ပြစ်မှားမိပါပြီ။ ဤမြွေများကိုဖယ်ရှားပစ်ရန်ထာဝရဘုရား ထံဆုတောင်းပေးပါလော့'' ဟုတောင်းပန်ကြ၏။ သို့ဖြစ်၍မောရှေသည် သူတို့အတွက်ထာဝရ ဘုရားထံဆုတောင်းလေ၏။-