ထွက်မြောက် 8:6Common Language Bibleထို့ကြောင့်အာရုန်သည်ရေပြင်ရှိသမျှပေါ် သို့သူ၏လက်ကိုဆန့်သဖြင့် ဖားများအလွန် မြောက်မြားစွာတက်လာ၍အီဂျစ်တစ်ပြည် လုံးတွင်ဖားတို့ဖြင့်ပြည့်နှက်လျက်ရှိလေ၏။- အခန်းကိုကြည့်ပါ။ |
``အို ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်နှင့်တူသော ဘုရားမိုးမြေ၌မရှိပါ။ ကိုယ်တော်၏လူမျိုး တော်သည်စကားတော်ကိုတစ်သဝေမတိမ်း နာယူကျင့်သုံးကြသောအခါကိုယ်တော် သည်သူတို့နှင့်ထားရှိသည့်ပဋိညာဉ်တော် ကိုစောင့်ထိန်းတော်မူလျက်သူတို့အား မေတ္တာတော်ကိုပြတော်မူပါ၏။-
တစ်ဖန်ထာဝရဘုရားက မောရှေကိုမိန့်တော် မူသည်မှာ ``အာရုန်အား သင်သည်အီဂျစ်ပြည် တွင်ရှိသမျှသော မြစ်၊ ချောင်း၊ အင်း၊ အိုင်ရေ လှောင်ကန်တို့၏ရေပေါ်၌ တောင်ဝှေးကိုကိုင်၍ လက်ဆန့်လော့။ တစ်ပြည်လုံးတွင်သစ်သားခွက်၊ ကျောက်ခွက်တို့ပါမကျန်ရှိသမျှသောရေ တို့သည်သွေးဖြစ်လိမ့်မည်' ဟုပြောလော့'' ဟူ၍မိန့်တော်မူ၏။
``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ၏အသိသက်သေများတည်း။ သင်တို့ငါ့အားသိကျွမ်းယုံကြည် ကြစေရန်လည်းကောင်း၊ ငါသည်တစ်ဆူတည်းသောဘုရားဖြစ်ကြောင်း သိရှိနားလည်ကြစေရန်လည်းကောင်း၊ ငါသည်သင်တို့အားငါ၏အစေခံလူမျိုး အဖြစ် ရွေးချယ်ခဲ့ပေသည်။ ငါမှတစ်ပါးအခြားဘုရားမရှိ။ အဘယ်အခါကမျှမရှိခဲ့။ နောင်ကိုလည်း ရှိလိမ့်မည်မဟုတ်။