ထွက်မြောက် 8:19Common Language Bibleထိုအခါမှော်ဆရာတို့ကဘုရင်အား``ဤ အမှုအရာသည်ထာဝရဘုရားပြုတော် မူသောအမှုဖြစ်၏'' ဟုလျှောက်ကြ၏။ သို့ ရာတွင်ဘုရင်သည်ထာဝရဘုရားမိန့်တော် မူခဲ့သည့်အတိုင်းခေါင်းမာမြဲခေါင်းမာလျက် မောရှေနှင့်အာရုန်တို့၏စကားကိုနား မထောင်ဘဲနေလေ၏။ အခန်းကိုကြည့်ပါ။ |
မှူးမတ်တို့ကဘုရင်အား``ဤသူတို့သည် အကျွန်ုပ်တို့ကိုမည်မျှကြာအောင်ဒုက္ခရောက် စေပါမည်နည်း။ ထိုသူတို့သည်သူတို့၏ဘုရား ဖြစ်သောထာဝရဘုရားအား ဝတ်ပြုနိုင်ရန် သွားခွင့်ပေးတော်မူပါ။ အရှင်မင်းကြီး၊ ယခု ပင်အီဂျစ်ပြည်ပျက်စီးနေပြီမဟုတ်ပါ လော'' ဟုလျှောက်ကြ၏။
ထိုသူတို့က``သင်တို့သည်ဣသရေလအမျိုး သားတို့ ကိုးကွယ်သောဘုရားသခင်၏ပဋိ ညာဉ်သေတ္တာတော်ကိုပြန်ပို့မည်ဆိုလျှင်ပူ ဇော်သကာမပါ၍မဖြစ်။ သင်တို့၏အပြစ် ဖြေရာပူဇော်သကာကိုပါပေးလှူရကြ မည်။ ယင်းသို့ပြုလျှင်သင်တို့သည်အနာ ရောဂါပျောက်ကင်းကြလိမ့်မည်။ ကိုယ်တော် သည်သင်တို့အား အဘယ်ကြောင့်ဒဏ်ခတ် လျက်နေတော်မူကြောင်းကိုလည်းသိရှိ ရကြလိမ့်မည်'' ဟုဆိုကြ၏။
လှည်းအဘယ်အရပ်သို့သွားသည်ကိုစောင့်၍ ကြည့်လော့။ အကယ်၍ဗက်ရှေမက်မြို့ရှိရာသို့ သွားလျှင် ဣသရေလအမျိုးသားတို့၏ဘုရား သည် ငါတို့အပေါ်သို့ကြောက်မက်ဖွယ်ရာကပ် ရောဂါကိုကျရောက်စေကြောင်းသိမှတ်ရမည်။ သို့ရာတွင်လှည်းသည်ထိုမြို့ရှိရာသို့မသွား ခဲ့သော် ကိုယ်တော်သည်ငါတို့ထံကပ်ရောဂါ ကိုစေလွှတ်တော်မူသည်မဟုတ်။ ကပ်ရောဂါ သည်အလိုအလျောက်ဆိုက်ရောက်လာခြင်း သာဖြစ်ကြောင်းငါတို့သိမှတ်ရမည်။''