Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 7:7

Common Language Bible

ဘု​ရင်​ထံ​သို့​ဝင်​၍​လျှောက်​ထား​ချိန်​၌​မော​ရှေ သည် အ​သက်​ရှစ်​ဆယ်၊ အာ​ရုန်​သည်​အ​သက်​ရှစ် ဆယ်​သုံး​နှစ်​ရှိ​ကြ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​တို့​သည်​အ​နှစ်​ခု​နစ်​ဆယ်​မျှ​သာ ရှည်​ကြ​ပါ​၏။ အ​ကယ်​၍​အား​အင်​ပြည့်​ဖြိုး​သူ​များ​ဖြစ်​ကြ​ပါ​မူ အ​နှစ်​ရှစ်​ဆယ်​နေ​ကြ​ရ​ပါ​၏။ သို့​ရာ​တွင်​ထို​နှစ်​ကာ​လ​များ​အ​တွင်း ကျွန်​တော်​မျိုး​တို့​သည်​ပူ​ပင်​သော​က​နှင့် ဆင်း​ရဲ​ဒုက္ခ​ကို​သာ​လျှင်​ခံ​စား​ကြ​ရ​ပါ​၏။ မ​ကြာ​မီ​ကွယ်​လွန်​သ​ဖြင့်​ကျွန်​တော်​မျိုး​တို့ ကွယ်​ပျောက်​ကြ​ရ​ပါ​၏။

ကာ​လ​အ​တန်​ကြာ​သော် အီ​ဂျစ်​ပြည်​ဘု​ရင် အ​နိစ္စ​ရောက်​လေ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ကျွန်​ခံ​ရ​သော​ဒဏ်​ကြောင့် ညည်း​ညူ​လျက်​ရှိ​ရ​ကြ​သေး​၏။ ကျွန်​ခံ​ရ သော​ဘ​ဝ​မှ​လွတ်​မြောက်​ရေး​အ​တွက် သူ​တို့ အော်​ဟစ်​တောင်း​လျှောက်​သော​အ​သံ​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ရောက်​လေ​၏။-

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား၊-

``သူ​သည်​အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ မိ​မိ ၏​သား​ချင်း​များ​ဖြစ်​သည့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​သို့​သွား​ရောက်​လည်​ပတ်​ရန်​စိတ်​ပိုင်း ဖြတ်​လေ​သည်။-

``အ​နှစ်​လေး​ဆယ်​ကြာ​သော​အ​ခါ သိ​နာ​တောင် အ​နီး​တော​ကန္တာ​ရ​တွင်​မီး​လျှံ​တောက်​လျက်​နေ သည့်​ချုံ​ထဲ​မှ ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် မော​ရှေ​အား​ကိုယ်​ထင်​ပြ​လေ​သည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​နှစ်​ပေါင်း လေး​ဆယ်​ပတ်​လုံး တော​ကန္တာ​ရ​ခ​ရီး​ဖြင့်​ပို့ ဆောင်​တော်​မူ​ခဲ့​စဉ်​အ​တွင်း သင်​တို့​၏​အ​ဝတ် အင်္ကျီ​များ​မ​ဟောင်း​မ​နွမ်း၊ သင်​တို့​၏​ဖိ​နပ် များ​လည်း​မ​စုတ်​မ​ပြတ်​ခဲ့​ရ။-

``ယ​ခု​ငါ​သည်​အ​သက်​တစ်​ရာ့​နှစ်​ဆယ်​ရှိ ပြီ​ဖြစ်​၍ သင်​တို့​အား​ဆက်​လက်​ခေါင်း​ဆောင်​နိုင် တော့​မည်​မ​ဟုတ်။ ထို့​အ​ပြင်​ငါ​သည်​ယော်​ဒန် မြစ်​တစ်​ဖက်​သို့​မ​ကူး​ရ​ဟု​ထာ​ဝ​ရ​ဘု​ရား က ငါ့​အား​မိန့်​ကြား​တော်​မူ​ပြီ။-

မော​ရှေ​သည်​အ​သက်​တစ်​ရာ့​နှစ်​ဆယ်​တွင် အ​နိစ္စ​ရောက်​၏။ မော​ရှေ​အ​နိစ္စ​ရောက်​ချိန် တွင်​မျက်​စိ​မ​မှုန်​သေး။ အင်​အား​လည်း မ​လျော့​သေး။-

ထို​နောက်​ငါ​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို စေ​လွှတ်​၍ အီ​ဂျစ်​ပြည်​တွင်​ဘေး​ဆိုး​များ ဆိုက်​ရောက်​စေ​ပြီး​နောက်​သင်​တို့​ကို​ထုတ် ဆောင်​ခဲ့​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ