မြစ်ထဲရှိငါးတို့သေ၍မြစ်ရေသည်နံစော် သဖြင့်၊ အီဂျစ်ပြည်သားတို့သည်ထိုရေကို မသောက်သုံးနိုင်ဖြစ်ရလိမ့်မည်' ဟုဘုရင် ကိုပြောလော့'' ဟူ၍မိန့်တော်မူ၏။
မြစ်ထဲ၌ရှိသောငါးတို့သည်သေကုန်၏။ ရေ သည်အလွန်အနံ့ဆိုးသဖြင့် အီဂျစ်ပြည် သားတို့သည်ထိုရေကိုမသောက်သုံးနိုင် ကြချေ။ အီဂျစ်တစ်ပြည်လုံးနေရာအနှံ့ တွင်သွေးနှင့်ပြည့်လေ၏။-
အီဂျစ်ပြည်သားတို့သည်မြစ်ရေကိုမသောက် သုံးနိုင်ကြသဖြင့်၊ မြစ်ကမ်းတစ်လျှောက် တွင်သောက်ရေအတွက်တွင်းတူးကြ၏။
မြစ်ဝကျွန်းပေါ်ဒေသရှိချောင်းမြောင်းများ သည်လည်း တဖြည်းဖြည်းခန်းခြောက်ကာပုပ် စော်နံ၍လာလိမ့်မည်။ ကူပင်ကိုင်းပင်များ သည်ခြောက်သွေ့သွားကြလိမ့်မည်။-
အသားသည်သူတို့၏နားများမှထွက်၍ အသားကိုရွံမုန်းလာသည့်တိုင်အောင် တစ်လ လုံးလုံးစားရကြမည်။ ဤသို့ဖြစ်ရခြင်းမှာ သူတို့သည်အီဂျစ်ပြည်ကိုတသလျက်သူ တို့နှင့်အတူရှိတော်မူသောထာဝရဘုရား ကိုပစ်ပယ်ကာညည်းညူကြသောကြောင့်ဖြစ် သည်'' ဟုမိန့်တော်မူ၏။
ဘုရားသခင်နှင့်မောရှေတို့အားပြစ်တင်ပြော ဆိုကြလေသည်။ သူတို့က``အစာရေစာမရှိ သည့်ဤတောကန္တာရတွင်သေစေရန် အဘယ် ကြောင့် အကျွန်ုပ်တို့ကိုအီဂျစ်ပြည်မှခေါ် ဆောင်လာပါသနည်း။ ဤပေါ့ပျက်သော အစားအစာကိုလည်း အကျွန်ုပ်တို့ငြီး ငွေ့လာပါပြီ'' ဟုညည်းညူကြ၏။-