ထွက်မြောက် 40:33Common Language Bibleထိုနောက်သူသည်တဲတော်နှင့်ယဇ်ပလ္လင်ပတ် လည်တွင်ဝင်းကာ၍ ဝင်းတံခါးဝ၌ကန့်လန့် ကာကိုတပ်ဆင်လေ၏။ သို့ဖြစ်၍မောရှေသည် လုပ်ငန်းရှိသမျှကိုလုပ်ဆောင်ပြီးစီးလေ သည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က၊``ဇေရုဗဗေလသည်ဗိမာန် တော်အုတ်မြစ်ကိုချထားပြီးလေပြီ။ သူ သည်ထိုအဆောက်အဦးကိုလက်စသတ် ရပေလိမ့်မည်။ ယင်းသို့လက်စသတ်သော အခါ၌ငါ၏လူမျိုးတော်သည် မိမိတို့ ထံသို့သင့်ကိုစေလွှတ်ခဲ့သူမှာ အနန္တတန်ခိုး ရှင်ငါထာဝရဘုရားပင်ဖြစ်ကြောင်းသိရှိ ကြလိမ့်မည်။-
စစ်မှုထမ်းစေမည့်အစားကောက်ယူရာတွင်လေဝိအနွယ်ဝင်တို့ကို ငါစံတော်မူရာတဲတော်နှင့်တဲတော်ပစ္စည်းများကိုထိန်းသိမ်းစေလော့။ သူတို့သည်တဲတော်နှင့်တဲတော်ပစ္စည်းများကိုသယ်ဆောင်ရမည်။ သူတို့သည်တဲတော်တွင်အမှုတော်ကိုထမ်း၍တဲတော်ပတ်လည်တွင်စခန်းချနေထိုင်ရမည်။-
ဘုရားသခင်သည်ပထမအနေဖြင့်တမန် တော်များ၊ ဒုတိယအနေဖြင့်ပရောဖက်များ၊ တတိယအနေဖြင့်ဆရာများကိုလည်း ကောင်း၊ ထိုနောက်နိမိတ်လက္ခဏာပြသူများ၊ အနာရောဂါများကိုပျောက်ကင်းစေနိုင် သောတန်ခိုးကိုရရှိသူများ၊ သူတစ်ပါး တို့ကိုကူညီသူများ၊ ရှေ့ဆောင်လမ်းပြ နိုင်စွမ်းရှိသူများ၊ ထူးဆန်းသောဘာသာ စကားအမျိုးမျိုးကိုပြောနိုင်သူများကို လည်းကောင်းအသင်းတော်တွင်ခန့်ထား တော်မူ၏။-