Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 40:18

Common Language Bible

မော​ရှေ​သည်​တဲ​တော်​၏​အောက်​ခံ​ခုံ​များ​ကို နေ​ရာ​ချ​ထား​၏။ ထို​နောက်​ဘောင်​ခွေ​များ​ကို ထောင်​၍ ကန့်​လန့်​ကျင်​များ​ကို​လျှို​လျက်​တိုင် များ​ကို​ထူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ ယ​နေ့​တိုင်​အောင်​ငါ​သည် ဗိ​မာန်​တော်​တွင်​ကျိန်း​ဝပ်​တော်​မ​မူ​ခဲ့။ တဲ​တော် ၌​သာ​ကျိန်း​ဝပ်​လျက်​ဒေ​သ​စာ​ရီ​လှည့်​လည် တော်​မူ​ခဲ့​၏။-

သူ​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​ခဲ့​ပြီး နောက် ဒု​တိ​ယ​နှစ်​ပ​ထ​မ​လ၊ ပ​ထ​မ​နေ့ တွင်​ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​ကို​စိုက်​ထူ​ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား​မိန့်​တော်​မူ​သည့် အ​တိုင်း​တဲ​တော်​အ​မိုး​ကို​ဖြန့်​မိုး​လျက် ထို အ​မိုး​အ​ထက်​အ​ပေါ်​ထပ်​အ​မိုး​ကို​မိုး ပြန်​၏။-

``ပ​ထ​မ​လ၊ ပ​ထ​မ​နေ့​ရက်​တွင်​ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ကို​စိုက်​ထူ​လော့။-

ငါ​တို့​ပြည်​တွင်​နေ​ထိုင်​ကြ​သူ​အ​ပေါင်း​တို့ သည်​ဖျား​နာ​ပါ​သည်​ဟူ​၍ အ​ဘယ်​အ​ခါ​၌ မျှ​ညည်း​ညူ​ရကြ​လိမ့်​မည်​မ​ဟုတ်။ အ​ပြစ် ရှိ​သ​မျှ​မှ​လည်း​ဖြေ​လွှတ်​ကြ​လိမ့်​မည်။

ငါ​သည်​တဲ​တော်​တွင်​ကိန်း​ဝပ်​သ​ဖြင့် သင်​တို့ နှင့်​အ​တူ​ရှိ​နေ​မည်။ သင်​တို့​ကို​မည်​သည့်​အ​ခါ မျှ​စွန့်​ပစ်​တော်​မ​မူ။-

ထို့​ကြောင့်​သင်​၏​နာ​မည်​သည်​ကျောက်​ဟု​အ​နက် ရှိ​သော​ပေ​တ​ရု​ဖြစ်​၍​ထို​ကျောက်​တည်း​ဟူ​သော အုတ်​မြစ်​ပေါ်​မှာ​ငါ​၏​အ​သင်း​တော်​ကို​တည်​ဆောက် မည်။ သေ​ခြင်း​တ​ရား​ပင်​လျှင်​ထို​အ​သင်း​တော်​ကို မ​နိုင်​ရ။-

နှုတ်​က​ပတ်​တော်​သည်​လူ​ဇာ​တိ​ကို​ခံ​ယူ​၍ ကျေး​ဇူး​တော်၊ သစ္စာ​တော်​နှင့်​ပြည့်​စုံ​လျက် ငါ​တို့​ထံ​တွင်​စံ​နေ​တော်​မူ​၏။ ငါ​တို့​သည် ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင် ရ​ကြ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​ကား​ခ​မည်း တော်​၏​တစ်​ပါး​တည်း​သော​သား​တော်​အ​ဖြစ် ဖြင့်​ခံ​ယူ​ရ​ရှိ​သော​ဘုန်း​အ​သ​ရေ​တော်​ပင် ဖြစ်​သ​တည်း။

သို့​ရာ​တွင်​နောက်​ဆုံး​၌​အ​ချိန်​တန်​သော​အ​ခါ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​တော်​ကို​စေ​လွှတ် တော်​မူ​၏။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ ဖြစ်​လာ​စိမ့်​သော​ငှာ​ထို​သား​တော်​သည်​လူ​တို့ အား ပ​ညတ်​တ​ရား​၏​လက်​အောက်​မှ​ရွေး​နုတ် ကယ်​တင်​နိုင်​ရန် လူ​မိ​ခင်​မှ​ပ​ညတ်​တ​ရား အောက်​ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​၏။

သို့​ရာ​တွင်​အ​ကယ်​၍​ငါ​လာ​ရောက်​ရန်​နှောင့်​နှေး ကြန့်​ကြာ​နေ​ခဲ့​သော် ဘု​ရား​သ​ခင်​၏​အိမ်​ထောင် စု​သား​တို့​အ​ဘယ်​သို့​ပြု​မူ​ကျင့်​ကြံ​သင့်​သည် ကို​သင်​သိ​ရှိ​နိုင်​စေ​ရန် ဤ​စာ​ကို​ရေး​လိုက်​ရ ခြင်း​ဖြစ်​ပေ​သည်။ ထို​အိမ်​ထောင်​စု​ကား​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သခင်​၏​အ​သင်း​တော် ပင်​တည်း။ ထို​အ​သင်း​တော်​သည်​သမ္မာ​တ​ရား​၏ မဏ္ဍိုင်​ဖြစ်​၏။-

သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​များ ဖြစ်​သည့်​အ​လျောက် အ​ဆုံး​စွန်​သော​ကာ​လ​၌ ပေါ်​လွင်​ထင်​ရှား​ရန်​အ​သင့်​ရှိ​သည့်​ကယ်​တင် ခြင်း​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ချိန်​တိုင်​အောင် ကိုယ်​တော်​သည်​သင်​တို့​အား​တန်​ခိုး​တော်​ဖြင့် စောင့်​ထိန်း​လျက်​ထား​တော်​မူ​၏။

ငါ​သည်​ပလ္လင်​တော်​မှ​ကျယ်​စွာ​သော​အ​သံ​ကို ကြား​ရ​၏။ ထို​အ​သံ​က``ယ​ခု​အ​ခါ​၌​ဘု​ရား သ​ခင်​သည်​လူ​သား​တို့​ထံ​တွင်​ကျိန်း​ဝပ်​တော် မူ​ပြီ။ ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​နေ​တော် မူ​မည်။ ထို​သူ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော် ဖြစ်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ပင်​လျှင်​သူ​တို့​နှင့်​အ​တူ​ရှိ​နေ​တော်​မူ​၍​သူ တို့​၏​ဘု​ရား​ဖြစ်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ