Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 40:15

Common Language Bible

ထို​နောက်​သူ​တို့​အား​ယဇ်​ပု​ရော​ဟိတ်​အ​မှု ကို​ဆောင်​ရွက်​စေ​ရန် သူ​တို့​၏​အ​ဖ​အား​ဘိ သိက်​ပေး​သ​ကဲ့​သို့၊ သူ​တို့​အား​ဘိ​သိက်​ဆီ လောင်း​၍​ဆက်​ကပ်​လော့။ သူ​တို့​အား​ဤ​ကဲ့ သို့​ဘိ​သိက်​ဆီ​လောင်း​ခြင်း​အား​ဖြင့်၊ သူ​တို့ ၏​သား​စဉ်​မြေး​ဆက်​တို့​သည် ယဇ်​ပု​ရော ဟိတ်​အ​ရာ​ကို​အ​မြဲ​ဆက်​ခံ​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

``သင်​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​မေ​လ​ခိ ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်'' ဟု ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည်​ကျိန်​ဆို က​တိ​ပေး​တော်​မူ​သည်​ဖြစ်​ရာ ထို​က​တိ​တော်​ကို​ပြန်​လည်​ရုပ်​သိမ်း​တော်​မူ လိမ့်​မည် မ​ဟုတ်​ပါ။

ငါ​ထာ​ဝ​ရ​ဘု​ရား​ပြု​သည့်​အ​မှု​ကို​သ​တိ​ရ ရန် ဤ​နေ့​ရက်​ကို​ပွဲ​တော်​နေ့​အ​ဖြစ်​ဆင်​ယင် ကျင်း​ပ​ရ​မည်။ သင်​တို့​သည်​ထို​နေ့​ကို​ဘု​ရား ပွဲ​တော်​နေ့​အ​ဖြစ်​ထာ​ဝ​စဉ်​ကျင်း​ပ​ရ​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။

ထို​အ​ဝတ်​အင်္ကျီ​များ​ကို​သင်​၏​အစ်​ကို​အာ​ရုန် နှင့် သူ​၏​သား​တို့​အား​ဝတ်​ဆင်​ပေး​လော့။ ထို​နောက် သူ​တို့​သည်​ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင် ရန် ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​သင်​သည်​သူ​တို့ အား​သံ​လွင်​ဆီ​ဖြင့်​ဘိ​သိက်​ပေး​လော့။-

ခါး​ပန်း​ကို​စည်း​ပေး​လော့။ ဦး​ထုပ်​ရှည်​များ ကို​ဆောင်း​ပေး​လော့။ သင်​သည်​ဤ​သို့​လျှင် အာ​ရုန်​နှင့်​သူ​၏​သား​များ​တို့​ကို​ဘိ​သိက် ပေး​ရ​မည်။ သူ​တို့​နှင့်​သူ​တို့​၏​အ​ဆက် အ​နွယ်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့် ငါ​၏​အ​မှု​တော်​ကို​အ​စဉ်​ထာ​ဝ​ရ ဆောင်​ရွက်​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဤ​သို့ ဆင့်​ဆို​လော့။ ငါ​၏​အ​မှု​တော်​ကို​ထမ်း​ရန် ဘိ​သိက်​ပေး​ရာ​၌၊ သင်​တို့​၏​သား​စဉ်​မြေး ဆက်​တို့​သည်​ဤ​သန့်​ရှင်း​သော​ဆီ​ကို​အ​သုံး ပြု​ရ​မည်။-

မည်​သူ​မ​ဆို​ထို​ဆီ​နှင့်​တူ​သော​ဆီ​ကို​ဖော် စပ်​လျှင်​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ်​မ​ဟုတ်​သူ အ​ပေါ်​သို့​ထို​ဆီ​ကို​လောင်း​လျှင်​ဖြစ်​စေ၊ ငါ ၏​လူ​မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်​ဟု​မိန့် တော်​မူ​၏။

သူ​၏​သား​များ​ကို​လည်း​ခေါ်​၍​အင်္ကျီ​ဝတ် ပေး​လော့။-

မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ​၏။-

ထို​အ​ခါ​ကောင်း​ကင်​တ​မန်​က``ဤ​အ​ရာ တို့​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး​ကို​အ​စိုး ရ​သော​အ​ရှင်၊ ဘု​ရား​သ​ခင်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရန်​ကိုယ်​တော်​ရွေး​ချယ်​ဘိ​သိက် ပေး​တော်​မူ​သော​သူ​နှစ်​ဦး​ဖြစ်​၏'' ဟု​ဆို လေ​သည်။

သူ​သည်​ငါ​မှ​တစ်​ပါး​အ​ခြား​သော​ဘု​ရား​ကို လက်​မ​ခံ​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​အ​ပြစ်​ပြေ​ရာ​ပြေ​ကြောင်း​ကို​ဆောင်​ရွက်​ခဲ့ သော​ကြောင့် သူ​မှ​စ​၍​သူ​၏​အ​ဆက်​အ​နွယ် တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​အ​မြဲ ဆက်​ခံ​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

သူ​၏​မိ​ဘ​ဘိုး​ဘေး​တို့​အ​ကြောင်း​မှတ်​တမ်း ကို​လည်း​ကောင်း၊ သူ​မွေး​ဖွား​သည့်​အ​ကြောင်း နှင့်​ကွယ်​လွန်​သည့်​အ​ကြောင်း​မှတ်​တမ်း​တို့​ကို လည်း​ကောင်း​မ​တွေ့​ရှိ​ရ​ပေ။ သူ​သည်​ဘု​ရား သ​ခင်​၏​သား​တော်​နှင့်​တူ​၍ ယဇ်​ပု​ရော​ဟိတ် အ​ရာ​ကို​ထာ​ဝ​စဉ်​ရ​ရှိ​ထား​သူ​ဖြစ်​သ​တည်း။

သိမ်​ငယ်​သူ​သည်​ကြီး​မြတ်​သူ​ထံ​မှ ကောင်း​ချီး မင်္ဂလာ​ခံ​ယူ​ရ​မြဲ​ဖြစ်​သည်​ကို​ငြင်း​ဆို​ဖွယ် မ​ရှိ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ