ကျောက်ပြားများပါရှိသည့်ပဋိညာဉ် သေတ္တာတော်၊ ပဋိညာဉ်သေတ္တာတော်၏ ထမ်းပိုးနှင့်အဖုံးတို့ကိုလည်းကောင်း၊-
``အလျားလေးဆယ့်ငါးလက်မနှင့် အနံနှစ်ဆယ့် ခုနစ်လက်မရှိသောသေတ္တာအဖုံးကိုရွှေစင်ဖြင့် ပြုလုပ်ရမည်။-
အနီရောင်ဆိုးသိုးထီးသားရေအမိုး၊ သားရေချောအမိုးကာရန်ကန့်လန့်ကာ၊-
စားပွဲမှစ၍စားပွဲဆိုင်ရာပစ္စည်းအားလုံး နှင့် ထာဝရဘုရားအားဆက်သရန်မုန့်ကို လည်းကောင်း၊-
သေတ္တာတော်ပေါ်တွင်ခေရုဗိမ်ရုပ်များရှိ၏။ ခေရု ဗိမ်တို့သည်ဘုရားသခင်ကိန်းဝပ်တော်မူခြင်းကို သရုပ်ဆောင်ကြ၏။ သူတို့၏အတောင်များသည် အပြစ်ဖြေရာပလ္လင်ကိုဖြန့်လျက်နေ၏။ ထိုအရာ များကိုယခုအသေးစိတ်ဖော်ပြရန်မလိုပေ။
ဤထုံးနည်းအရအပြင်တဲတော်တည်ရှိနေ သမျှကာလပတ်လုံးအလွန်သန့်ရှင်းရာဌာန တော်သို့ဝင်ရန် လမ်းသည်ပိတ်လျက်ပင်ရှိမည် ဖြစ်ကြောင်းသန့်ရှင်းသောဝိညာဉ်တော်ကရှင်း လင်းစွာသွန်သင်ပေသည်။-