ထွက်မြောက် 39:30Common Language Bibleသူတို့သည် ``ထာဝရဘုရားအားဆက်ကပ် ထားသည်'' ဟူသောကမ္ပည်းစာတမ်းထွင်း ထားသည်ရွှေနဖူးစည်းကိုပြုလုပ်ကြ၏။- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။