ထာဝရဘုရားစံတော်မူရာတဲတော်တံခါး ဝအတွက် အောက်ခံများ၊ ကြေးဝါပလ္လင်၊ ကြေး ဝါဆန်ခါ၊ ပလ္လင်နှင့်ဆိုင်သောပစ္စည်းအားလုံး၊-
ဤကန့်လန့်ကာချိတ်ဆွဲရန်အတွက်အကာရှ သစ်သားတိုင်ငါးတိုင်ပြုလုပ်၍၊ ရွှေချိတ်များ တပ်ထားရမည်။ တိုင်များကိုရွှေချ၍တိုင် ဖိနပ်ငါးခုကိုကြေးဝါဖြင့်ပြုလုပ်ရမည်။
ထိုကန့်လန့်ကာချိတ်ဆွဲရန်အတွက်တိုင်နှစ်ဆယ်၊ ဖိနပ်နှစ်ဆယ်တို့ကိုကြေးဝါဖြင့်ပြုလုပ်၍တိုင် ချိတ်၊ တိုင်တန်းများကိုငွေဖြင့်ပြီးစေရမည်။-
တဲတော်ပတ်လည်ရှိတိုင်အားလုံးကိုငွေတန်းများ ဖြင့်ဆက်ထား၍၊ ချိတ်များကိုငွေဖြင့်လည်းကောင်း၊ ဖိနပ်များကိုကြေးဝါဖြင့်လည်းကောင်းပြုလုပ် ရမည်။-
ပလ္လင်လေးထောင့်တွင်ဦးချိုသဏ္ဌာန်အတက် လေးခုရှိစေရမည်။ ထိုဦးချိုတို့သည်ပလ္လင် နှင့်တစ်သားတည်းရှိ၍ တစ်ခုလုံးကိုကြေး ဝါပြားဖြင့်ဖုံးထားရမည်။-
ပလ္လင်အတွက်ကြေးဝါဆန်ခါကိုလည်းပြုလုပ် ရမည်။ ထိုဆန်ခါထောင့်လေးထောင့်တွင်ကြေးဝါ ကွင်းလေးကွင်းတပ်ဆင်ရမည်။-
လူတို့လှူဒါန်းသောကြေးဝါချိန်စုစုပေါင်း မှာ ငါးထောင်သုံးရာ့တစ်ဆယ်ပေါင်ဖြစ်၏။-
တဲတော်ဝင်းနှင့်တံခါးဝအတွက်အောက်ခံ များ၊ တဲတော်နှင့်တဲတော်ဝင်းအကာအရံ အတွက်ကြက်ဆူးရှိသမျှတို့ကိုထို ကြေးဝါဖြင့်ပြုလုပ်၏။