ထွက်မြောက် 37:25Common Language Bibleသူသည်နံ့သာပေါင်းမီးရှို့ပူဇော်ရာပလ္လင်ကို အကာရှသစ်သားဖြင့်ပြုလုပ်၏။ ထိုပလ္လင် သည်အလျားတစ်ဆယ့်ရှစ်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်သုံးဆယ့်ခြောက် လက်မရှိ၏။ ဦးချိုပုံသဏ္ဌာန်ထောင့်ချွန် အတက်များသည်ပလ္လင်နှင့်တစ်သားတည်း ရှိ၏။- အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-