သို့ဖြစ်၍ဘောင်ခွေတစ်ခုစီအောက်တွင်အောက် ခံငွေခြေစွပ်ခုံနှစ်ခုရှိသဖြင့်၊ ဘောင်ခွေရှစ်ခု နှင့်ငွေအောက်ခံခြေစွပ်ခုံတစ်ဆယ့်ခြောက်ခု ရှိလေသည်။
သို့ဖြစ်၍ဘောင်ခွေရှစ်ခုနှင့်တစ်ခုစီအတွက် ငွေ ဖိနပ်နှစ်ခုကျဖြင့်ငွေဖိနပ်တစ်ဆယ့်ခြောက်ခု ရှိရမည်။
ထိုထောင့်ဘောင်ခွေတို့ကိုအောက်ခြေ၌လည်း ကောင်း၊ အထက်၌လည်းကောင်း၊ ကွင်းများဖြင့် ထိန်းချုပ်ထား၏။ ထောင့်နှစ်ထောင့်အတွက် ဘောင်ခွေနှစ်ခုကိုထိုနည်းအတိုင်းပြုလုပ် ကြ၏။-
သူတို့သည်တဲတော်အတွင်းဘောင်ခွေများ အတွက် ကန့်လန့်ကျင်များကိုအကာရှသစ် သားဖြင့်ပြုလုပ်ကြ၏။ တဲတော်တောင်ဘက် အတွက်ကန့်လန့်ကျင်ငါးချောင်း၊-