သူတို့သည်ကန့်လန့်ကာငါးထည်ကိုစပ် ၍ချုပ်၏။ အခြားငါးထည်ကိုလည်းထို အတိုင်းချုပ်ကြ၏။-
ယေရုရှလင်မြို့သည်တင့်တယ်လျောက်ပတ်စွာ ပြန်လည်တည်ဆောက်ထားသောမြို့ဖြစ်ပေ၏။
ဘုရားသခင်၏လူစုတော်သည် စိတ်သဘောညီညွတ်လျက်နေထိုင်ကြသည်မှာ အလွန်ကောင်းမွန်၍တင့်တယ်လှပါသည်တကား။
ကန့်လန့်ကာငါးထည်ကိုစပ်၍ချုပ်ရမည်။ အခြားငါးထည်ကိုလည်းထိုအတိုင်းချုပ် ရမည်။-
ကန့်လန့်ကာတစ်စပ်စီ၏အပြင်ဘက်အနား တပ်ရန်ပိတ်တွင်၊ အပြာကွင်းများကိုချုပ် ကြ၏။-
ကန့်လန့်ကာအားလုံးသည်အရွယ်တူဖြစ် ၍၊ တစ်ခုစီသည်အလျားတစ်ဆယ့်လေး ကိုက်၊ အနံနှစ်ကိုက်ရှိ၏။-
``ထိုအခါငါသည်လူမျိုးအပေါင်းကို ပြုပြင်ပြောင်းလဲစေမည်ဖြစ်၍ သူတို့သည် အခြားဘုရားများကိုမကိုးကွယ်ဘဲ ငါ့ ကိုသာကိုးကွယ်ကြလိမ့်မည်။ သူတို့အား လုံးပင်ငါ၏စကားကိုနားထောင်ကြ လိမ့်မည်။-
ပင်တေကုတ္တေပွဲတော်နေ့ကျရောက်သောအခါ တပည့်တော်အပေါင်းတို့သည်တစ်နေရာ တည်းတွင်စုရုံးလျက်ရှိကြ၏။-
ညီအစ်ကိုတို့၊ ငါတို့အရှင်သခင်ယေရှုခရစ် ၏နာမတော်ကိုအမှီပြု၍သင်တို့အားတောင်း ပန်ပါ၏။ စိတ်ဝမ်းကွဲပြားမှုမရှိစေရန်သင် တို့စကားအပြောအဆိုတွင်ညီညွတ်မှုရှိ ကြလော့။ တစ်စိတ်တစ်ဝမ်းတည်းဖြင့်စည်းလုံး မှုရှိကြလော့။-
အမှန်အားဖြင့်ဆိုသော်အင်္ဂါအစိတ်အပိုင်း အများရှိသော်လည်းကိုယ်ခန္ဓာတစ်ခုတည်း သာရှိသတည်း။
သင်တို့အပေါင်းသည်ခရစ်တော်၏ကိုယ်ခန္ဓာ တော်ဖြစ်၏။ သင်တို့အသီးသီးသည်ကား ကိုယ်ခန္ဓာတော်၏အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြ၏။-
ထိုအသင်းတော်ကားအလုံးစုံတို့ကိုပြည့်ဝ စုံလင်စေတော်မူသောသူပြည့်ဝစုံလင်ခြင်း တည်းဟူသောခရစ်တော်၏ကိုယ်ခန္ဓာဖြစ် သတည်း။
သို့ဖြစ်၍သင်တို့သည်တစ်စိတ်တစ်ဝမ်းတည်းရှိ ခြင်း၊ အချင်းချင်းချစ်ခြင်း၊ စိတ်သဘောတညီ တညွတ်တည်းရှိခြင်းအားဖြင့်ငါ့အားအကြွင်း မဲ့ဝမ်းမြောက်စေကြလော့။-
ငါတို့တွင်ဝိညာဉ်ရေးရင့်ကျက်သူတို့သည် ဤစိတ် သဘောမျိုးထားရှိသင့်ကြသည်။ အကယ်၍အချို့ တို့သည်ကွဲလွဲသောစိတ်သဘောရှိပါလျှင် ဘုရား သခင်သည်ယင်းတို့ကိုရှင်းလင်းဖော်ပြတော်မူ လိမ့်မည်။-