ထွက်မြောက် 35:25Common Language Bibleချည်ငင်ကျွမ်းကျင်သူအမျိုးသမီးအပေါင်းသည်၊ သိုးမွေးချည်အပြာရောင်၊ ခရမ်းရောင်၊ အနီနှင့် ပိတ်ချောချည်၊ ဆိတ်မွေးချည်တို့ကိုဆက်ကပ် ကြ၏။- အခန်းကိုကြည့်ပါ။ |
ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင် တို့အား ဗိမာန်တော်တွင်ဆောင်ရွက်ရန် တာဝန်ဝတ္တရားများကိုခွဲခန့်သတ်မှတ် ပေးပြီးဖြစ်လေပြီ။ အဘက်ဘက်မှကျွမ်း ကျင်သူအလုပ်သမားတို့သည် သင့်အား ကူညီရန်စိတ်အားထက်သန်လျက်ရှိကြ ၏။ လူအပေါင်းနှင့်သူတို့၏ခေါင်းဆောင် များသည်လည်းသင်၏အမိန့်ကိုလိုက် နာဆောင်ရွက်ကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
ထို့ကြောင့်ပေတရုသည်ထိုသူနှစ်ယောက်နှင့် အတူလိုက်ခဲ့လေသည်။ ရောက်သောအခါလူ တို့သည်သူ့အားအိမ်အထက်ထပ်ရှိအခန်း သို့ခေါ်သွားကြ၏။ မုဆိုးမတို့သည်ပေတရု ၏အနီးတွင်ဝိုင်းအုံလျက်ငိုယိုကာ ဒေါ်ကာ အသက်ရှင်စဉ်အခါကချုပ်လုပ်ထားခဲ့သော အင်္ကျီများနှင့်အတွင်းခံအင်္ကျီများကိုပြ ကြ၏။-
ငါ၏ရဲဘော်စစ်ဖြစ်သူ၊ သင်သည်လည်း ထို အမျိုးသမီးတို့ကိုကူညီမစပါလော့။ သူ တို့သည်သတင်းကောင်းကြေညာရာတွင်ငါ နှင့်အတူအထူးကြိုးစားအားထုတ်လုပ် ဆောင်သူများဖြစ်ကြ၏။ ထိုသို့လုပ်ဆောင် ခဲ့သူများတွင်ကလေမင်နှင့်တကွ ဘုရား သခင်၏အသက်စာစောင်စာရင်းတွင်ပါ ရှိသူ အခြားငါ၏လုပ်ဖော်ဆောင်ဘက်များ လည်းပါဝင်၏။