Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 35:2

Common Language Bible

သင်​တို့​သည်​ရက်​သတ္တ​တစ်​ပတ်​တွင်​ခြောက်​ရက် အ​လုပ်​လုပ်​နိုင်​၏။ သို့​ရာ​တွင်​သတ္တ​မ​နေ့​သည်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ်​သော၊ ထူး​မြတ်​သည့်​နား​ရက်​ဖြစ်​ရ​မည်။ ထို့​နေ့​တွင် အ​လုပ်​လုပ်​သော​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​က``နက်​ဖြန်​နေ့​သည်​သင်​တို့​အ​လုပ် မှ​ရပ်​နား​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​တွက် ဆက်​ကပ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်။ ယ​နေ့ တွင်​မုန့်​ဖုတ်​စ​ရာ​ရှိ​သည်​ကို​ဖုတ်​လော့။ ချက် ပြုတ်​စ​ရာ​ရှိ​သည်​ကို​ချက်​ပြုတ်​လော့။ ယ​နေ့ စား​ပြီး​နောက်​ကျန်​ရှိ​သ​မျှ​ကို​နက်​ဖြန်​နေ့ အ​တွက်​ချန်​ထား​လော့။ ဤ​သို့​ပြု​လုပ်​ရန် ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သည်'' ဟု ဆို​လေ​၏။-

``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​ကို လုပ်​၍ သတ္တ​မ​နေ့​တွင်​နား​နေ​ရ​မည်။ ထို​သို့​ပြု လျှင် သင်​၏​ကျွန်​များ၊ သင်​ခိုင်း​စေ​သော​အ​ခြား အ​မျိုး​သား​များ​နှင့်​တိ​ရစ္ဆာန်​များ​သည် အ​လုပ် မှ​နား​ခွင့်​ရ​ကြ​လိမ့်​မည်။

``သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ် လုပ်​ရ​မည်။ သို့​ရာ​တွင်​သတ္တ​မ​နေ့​၌​အ​လုပ် မ​လုပ်​ရ။

ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​မြင့်​မြတ်​သည့်​နေ့​အ ဖြစ်​ထား​ရှိ​လျက်၊ ထို​နေ့​၌​ကိုယ်​ကျိုး​ရှာ​လုပ် ငန်း​များ​ကို​ရှောင်​ရှား​ကြ​မည်​ဆို​လျှင်​လည်း ကောင်း၊ အ​ကယ်​၍​သင်​တို့​သည်​မိ​မိ​နှစ်​သက် သော​ခ​ရီး​သွား​ခြင်း၊ နှစ်​သက်​သော​အ​လုပ် လုပ်​ခြင်း၊ သို့​မ​ဟုတ်​အ​ကျိုး​မ​ရှိ​သော​စ​ကား များ​ကို​ပြော​ဆို​ခြင်း​တို့​ကို​ရှောင်​ကြဉ်​၍၊ ငါ​၏ မြင့်​မြတ်​သန့်​ရှင်း​သည့်​နေ့​တော်​ကို​နှစ်​သက် လျက် တန်​ဖိုး​ထား​ကာ​ရို​သေ​လေး​စား​ကြ မည်​ဆို​လျှင်​လည်း​ကောင်း၊-

သင်​တို့​သည်​ခြောက်​ရက်​အ​လုပ်​လုပ်​၍ ဥ​ပုသ် နေ့​ဖြစ်​သော​သတ္တ​မ​နေ့​တွင်​အ​လုပ်​မှ​နား ရ​မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ဘဲ​စု​ဝေး ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။ သင်​တို့​နေ​ထိုင်​ရာ မည်​သည့်​အ​ရပ်​၌​မ​ဆို​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း လော့။-

ထို့​ကြောင့်​ဥပုသ်​နေ့​၌​ဤ​အ​မှု​အ​ရာ​ကို ပြု​တော်​မူ​သည့်​အ​တွက် ယု​ဒ​အာ​ဏာ​ပိုင် တို့​သည်​ထို​နေ့​မှ​စ​၍​ကိုယ်​တော်​အား အ​နှောင့်​အ​ယှက်​ပေး​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ