ထွက်မြောက် 34:9Common Language Bible``အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် အားအကယ်ပင်နှစ်သက်ပါလျှင်အကျွန်ုပ် တို့နှင့်အတူကြွသွားတော်မူပါ။ ဤလူတို့ သည်ခေါင်းမာပါ၏။ သို့ရာတွင်အကျွန်ုပ်တို့ ၏ဒုစရိုက်အပြစ်ကိုလွှတ်လျက် အကျွန်ုပ်တို့ အားကိုယ်တော်၏လူမျိုးတော်အဖြစ်လက် ခံတော်မူပါ'' ဟုလျှောက်ထားလေ၏။ အခန်းကိုကြည့်ပါ။ |
မောရှေကထာဝရဘုရားအားလျှောက်ထား သည်မှာ``ကိုယ်တော်သည်အကျွန်ုပ်ကို၊ ဤသူ တို့အား ထိုသို့ပို့ဆောင်ရန်မိန့်တော်မူပြီ။ သို့ရာတွင်အကျွန်ုပ်နှင့်အတူမည်သူ့ကို စေလွှတ်မည်ဟူ၍မမိန့်ကြားခဲ့ပါ။ ကိုယ်တော် က`သင့်ကိုရင်းနှီးစွာငါသိ၏။ သင့်အား နှစ်သက်၏' ဟုမိန့်တော်မူပါသည်။-
ငါသည်ထောင်သောင်းမကများပြားသော အမျိုးအစဉ်အဆက်တို့အား ငါ၏ကတိ သစ္စာကိုတည်စေမည်။ ငါသည်ဒုစရိုက်နှင့် အပြစ်တို့အတွက်လူတို့အားအပြစ်လွှတ် မည်။ သို့ရာတွင်မိဘတို့၏အပြစ်ကိုသား စဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထ အဆက်သို့တိုင်အောင်ငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်နှင့်နှိုင်းယှဉ် အပ်သောအခြားဘုရားမရှိပါ။ ကိုယ်တော် သည်အသက်ရှင်ကျန်ရစ်သော ကိုယ်တော်၏ လူမျိုးတော်၏ပုန်ကန်သည့်အပြစ်များကို လွှတ်တော်မူပါ၏။ ကိုယ်တော်သည်အစဉ် အမြဲအမျက်ထွက်တော်မမူပါ။ ကိုယ်တော် သည်အကျွန်ုပ်တို့အားမေတ္တာကရုဏာထား တော်မူပါ၏။-
အို ထာဝရဘုရား၊ ကိုယ်တော်သည်ဤသူ တို့အီဂျစ်ပြည်မှထွက်ခွာလာချိန်မှ ယနေ့ အထိသူတို့ကူးလွန်ခဲ့သောအပြစ်များ ကိုဖြေလွှတ်တော်မူခဲ့သည့်နည်းတူ ကိုယ်တော် ၏ကြီးမားသောမေတ္တာကရုဏာတော်နှင့် အညီ ယခုလည်းသူတို့ပြုမိသောအပြစ် များကိုဖြေလွှတ်တော်မူရန်အကျွန်ုပ် တောင်းလျှောက်ပါ၏'' ဟုဆုတောင်းလေ သည်။