ထွက်မြောက် 34:31Common Language Bibleသို့သော်မောရှေကအာရုန်နှင့်ဣသရေလ အမျိုးသားခေါင်းဆောင်အပေါင်းတို့ကိုခေါ် သဖြင့်၊ သူတို့သည်မောရှေထံသို့ချဉ်းကပ် လာကြ၏။ မောရှေသည်လည်းသူတို့နှင့် စကားပြောလေ၏။- အခန်းကိုကြည့်ပါ။ |
တစ်ဖန်ထာဝရဘုရားကမောရှေအား``သင် တို့ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားသည် သင်တို့ ထံသို့ငါ့အားစေလွှတ်တော်မူသည်ဟု ဣသရေလအမျိုးသားတို့အားပြောရ မည်။ ဤနာမသည်ထာဝစဉ်ငါ၏နာမ ဖြစ်၏။ နောင်လူမျိုးအဆက်ဆက်တို့သည် ထိုနာမဖြင့်ငါ့အားသိကြလိမ့်မည်။-