ထွက်မြောက် 34:25Common Language Bible``ငါ့အားပူဇော်သည့်အခါ၊ ယဇ်ကောင်နှင့် အတူ ဆက်သသောမုန့်တွင်တဆေးမပါစေရ။ ပသခါပွဲတော်အတွက်သတ်သောတိရစ္ဆာန် ၏အသားကိုနံနက်သို့တိုင်အောင်မကြွင်း ကျန်စေရ။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်အီဂျစ်ပြည်မှအဆောတလျင် ထွက်ခွာလာခဲ့ရစဉ်က တဆေးမပါသော မုန့်ကိုစားသကဲ့သို့ ပသခါပွဲကိုခံရာတွင် တဆေးမပါသောမုန့်ကိုခုနစ်ရက်တိုင်တိုင် စားရမည်။ သင်တို့သည်ဆင်းရဲဒုက္ခခံရာ အီဂျစ်ပြည်မှထွက်ခွာလာရသောနေ့ကို တစ်သက်လုံးသတိရစေရန် ဆင်းရဲဒုက္ခ တည်းဟူသောတဆေးမပါသောမုန့် ကိုစားကြလော့။-