ထွက်မြောက် 34:23Common Language Bible``သင်တို့၏အမျိုးသားအားလုံးတို့သည်တစ် နှစ်လျှင်သုံးကြိမ် ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်၊ ငါထာဝရဘုရားထံချဉ်း ကပ်၍ဝတ်ပြုရမည်။- အခန်းကိုကြည့်ပါ။ |
``မည်သည့်ပွဲနေ့၌မဆိုထာဝရဘုရား အားဝတ်ပြုကိုးကွယ်ရန်လူတို့လာရောက် ကြရာတွင်မြောက်တံခါးမှဝင်သူတို့သည် ကိုးကွယ်ဝတ်ပြုပြီးလျှင်တောင်တံခါးမှ ထွက်ရကြမည်။ တောင်တံခါးမှဝင်ကြလျှင် မြောက်တံခါးမှထွက်ရကြမည်။ အဘယ် သူမျှမိမိလာလမ်းအတိုင်းမပြန်ရကြ။ လူတိုင်းပင်မိမိတို့ဝင်ရာတံခါးဖြင့်မ ပြန်ဘဲတည့်တည့်သွား၍ထွက်ရကြမည်။-
``သင်တို့၏လူမျိုးထဲမှယောကျာ်းအားလုံး တို့သည်ပသခါပွဲ၊ ကောက်သိမ်းပွဲနှင့်သစ်သီး သိမ်းပွဲကျင်းပရန်တစ်ခုတည်းသောဝတ်ပြု ရာဌာနတော်သို့ တစ်နှစ်လျှင်သုံးကြိမ်လာ ရောက်လျက်ထာဝရဘုရားအားဝတ်ပြု ရမည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကောင်းချီးပေးတော်မူသည်နှင့် အမျှ လူတိုင်းပူဇော်သကာကိုယူဆောင် ခဲ့ရမည်။''