Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 34:20

Common Language Bible

သို့​ရာ​တွင်​မြည်း​သား​ဦး​ပေါက်​ကို​သိုး​တစ် ကောင်​နှင့်​အ​စား​ထိုး​၍​ရွေး​ယူ​ရ​မည်။ မ​ရွေး ယူ​လို​လျှင်​မြည်း​၏​လည်​ပင်း​ကို​ချိုး​ရ​မည်။ သင်​တို့​၏​သား​ဦး​ဟူ​သ​မျှ​တို့​ကို​ရွေး​ယူ ရ​မည်။ ``မည်​သူ​မျှ​ပူ​ဇော်​သကာ​မ​ပါ​ဘဲ​နှင့်​ငါ့​ထံ သို့​မ​ဝင်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​မင်း​ကြီး​က``ဤ​သို့​မ​ယူ​လို။ တန် ဖိုး​ကို​ငါ​ပေး​မည်။ ငါ​သည်​မိ​မိ​အ​ဖိုး​မ​ပေး ဘဲ​ရ​ရှိ​သည့်​ပူ​ဇော်​သကာ​များ​ကို ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​အား​ဆက်​သ​လိမ့်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​မင်း​ကြီး သည်​ကောက်​နယ်​တ​လင်း​နှင့်​နွား​များ​ကို​ငွေ သား​ကျပ်​ငါး​ဆယ်​ပေး​၍​ဝယ်​ယူ​တော်​မူ​၏။-

နှစ်​စဉ်​သတ်​မှတ်​သော​အ​ချိန်​၌​ဤ​ပွဲ​တော်​ကို ကျင်း​ပ​ရ​မည်။

သင်​တို့​၌​ဖွား​မြင်​သော​သား​ဦး​မှန်​သ​မျှ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​မည်။ သင်​တို့ ၏​တိ​ရစ္ဆာန်​များ​မှ သား​ဦး​ပေါက်​အ​ထီး​မှန် သ​မျှ​ကို​လည်း​ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော် မူ​၏။-

သို့​ရာ​တွင်​သား​ဦး​ပေါက်​မြည်း​အ​ထီး​ကို​သိုး က​လေး​နှင့်​လဲ​၍​ရွေး​ယူ​ရ​မည်။ ထို​သို့​လဲ​၍ မ​ရွေး​ယူ​လို​လျှင် မြည်း​က​လေး​၏​လည်​ပင်း ကို​ချိုး​ရ​မည်။ သင်​တို့​၏​သား​ဦး​ယောကျာ်း​မှန် သ​မျှ​ကို​ပြန်​၍​ရွေး​ယူ​ကြ​ရ​မည်။-

အီ​ဂျစ်​ဘု​ရင်​သည်​ခေါင်း​မာ​၍​ငါ​တို့​အား သွား​ခွင့်​မ​ပေး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား သည်​အီ​ဂျစ်​ပြည်​၌​ရှိ​သော​လူ​နှင့်​တိ​ရစ္ဆာန် တို့​၏​သား​ဦး​ပေါက်​မှန်​သ​မျှ​တို့​ကို​သေ ဒဏ်​စီ​ရင်​တော်​မူ​၏။ ထို​အ​ကြောင်း​ကြောင့် ငါ​တို့​သည်​တိ​ရစ္ဆာန်​သား​ဦး​ပေါက်​မှန်​သ​မျှ ကို ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရ​၏။ သို့​သော်​လည်း​ငါ​တို့​၏​သား​ဦး​များ​ကို ပြန်​၍​ရွေး​ယူ​ကြ​သည်။-

``သင်​တို့​၏​အ​ဦး​ဆုံး​ရိတ်​သိမ်း​သော​အ​သီး အ​နှံ၊ အ​ဦး​ဆုံး​ညှစ်​သော​စ​ပျစ်​ရည်​ကို​ငါ့ အား​ဆက်​ကပ်​ရ​မည်။ ``သင်​တို့​၏​သား​ဦး​များ​ကို​ငါ့​အား​ဆက်​ကပ် ရ​မည်။-

တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ ငါ မိန့်​မှာ​ခဲ့​သည့်​အ​တိုင်း အီ​ဂျစ်​ပြည်​မှ​ထွက်​ခဲ့ ရ​သော​အ​ဗိ​ဗ​လ​၌​ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို​စား​ရ​ကြ​မည်။ မည်​သူ​မျှ ပူ​ဇော်​သ​ကာ​မ​ပါ​ဘဲ​နှင့် ငါ့​ထံ​သို့​ချဉ်း​ကပ် ၍​ကိုး​ကွယ်​ဝတ်​ပြု​ခြင်း​မ​ပြု​ရ။

``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ငါ့​အား ဆက်​သ​သော​သား​ဦး​ဖြစ်​သော​လူ​ဖြစ်​စေ၊ တိ​ရစ္ဆာန်​ဖြစ်​စေ​သင်​တို့​နှင့်​ဆိုင်​၏။ သို့​ရာ​တွင် သား​ဦး​ကို​ဖြစ်​စေ၊ အ​နာ​အ​ဆာ​ရှိ​သော တိ​ရစ္ဆာန်​သား​ဦး​ကို​ဖြစ်​စေ ငွေ​ဖြင့်​ရွေး​ယူ ခြင်း​ကို​လက်​ခံ​ရ​မည်။-

``သင်​တို့​၏​လူ​မျိုး​ထဲ​မှ​ယောကျာ်း​အား​လုံး တို့​သည်​ပ​သ​ခါ​ပွဲ၊ ကောက်​သိမ်း​ပွဲ​နှင့်​သစ်​သီး သိမ်း​ပွဲ​ကျင်း​ပ​ရန်​တစ်​ခု​တည်း​သော​ဝတ်​ပြု ရာ​ဌာ​န​တော်​သို့ တစ်​နှစ်​လျှင်​သုံး​ကြိမ်​လာ ရောက်​လျက်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု ရ​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကောင်း​ချီး​ပေး​တော်​မူ​သည်​နှင့် အ​မျှ လူ​တိုင်း​ပူ​ဇော်​သ​ကာ​ကို​ယူ​ဆောင် ခဲ့​ရ​မည်။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ