Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 34:18

Common Language Bible

``တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ သင် တို့​သည်​အ​ဗိ​ဗ​ဟု​ခေါ်​သော​လ​တွင်​အီ​ဂျစ် ပြည်​မှ​ထွက်​လာ​ခဲ့​ရ​သော​ကြောင့်၊ ထို​လ​၌ ငါ​ပ​ညတ်​သည့်​အ​တိုင်း​ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို​စား​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

``ဤ​လ​သည်​သင်​တို့​၏​နှစ်​ပ​ထ​မ​လ​ဖြစ် စေ​ရ​မည်။-

ထို​နေ့​ည​သည်​ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့ ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ရန်​စောင့်​ကြပ် ကြည့်​ရှု​သော​ည​ဖြစ်​၏။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် ထို​ည​ကို ထာ​ဝ​ရ​ဘု​ရား​ထုတ်​ဆောင်​တော်​မူ​ရာ​ည အ​ထိမ်း​အ​မှတ်​ပွဲ​တော်​အ​ဖြစ်​နှစ်​စဉ် ကျင်း​ပ​ကြ​လေ​သည်။

ထို​နောက်​မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``ထာ​ဝ​ရ​ဘု​ရား​သည်​မ​ဟာ​တန်​ခိုး တော်​ဖြင့် သင်​တို့​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ သင်​တို့​ကို​ထုတ်​ဆောင်​ခဲ့​သော​နေ့​ရက်​ကို သ​တိ​ရ​ကြ​လော့။ ဤ​နေ့​ရက်​တွင်​တ​ဆေး ပါ​သော​မုန့်​ကို​မ​စား​ရ။-

သင်​တို့​သည်​အ​ဗိ​ဗ​လ​ခေါ်​သော​ပ​ထ​မ​လ အ​တွင်း ဤ​နေ့​ရက်​တွင်​အီ​ဂျစ်​ပြည်​မှ​ထွက် ခွာ​လာ​ရ​ကြ​၏။-

``သင်​တို့​သည်​ငါ​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ရန် ပွဲ​ကို​တစ်​နှစ်​လျှင်​သုံး​ကြိမ်​ကျင်း​ပ​ရ​မည်။-

တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ ငါ မိန့်​မှာ​ခဲ့​သည့်​အ​တိုင်း အီ​ဂျစ်​ပြည်​မှ​ထွက်​ခဲ့ ရ​သော​အ​ဗိ​ဗ​လ​၌​ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို​စား​ရ​ကြ​မည်။ မည်​သူ​မျှ ပူ​ဇော်​သ​ကာ​မ​ပါ​ဘဲ​နှင့် ငါ့​ထံ​သို့​ချဉ်း​ကပ် ၍​ကိုး​ကွယ်​ဝတ်​ပြု​ခြင်း​မ​ပြု​ရ။

တစ်​ဆယ့်​ငါး​ရက်​မြောက်​နေ့​တွင်​တ​ဆေး​မဲ့ မုန့်​ပွဲ​တော်​အ​စ​ပြု​သည်​ဖြစ်​၍ သင်​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ။-

နှစ်​စဉ်​ပ​ထ​မ​လ​တစ်​ဆယ့်​လေး​ရက်​နေ့​တွင် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း သော​ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။-

တစ်​ဆယ့်​ငါး​ရက်​နေ့​မှ​အ​စ​ပြု​၍​ခု​နစ်​ရက် တိုင်​တိုင် ဋ္ဌမ္မ​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ ထို​ပွဲ တော်​ရက်​အ​တွင်း​တ​ဆေး​မဲ့​မုန့်​ကို​သာ​စား ရ​မည်။-

ပ​သ​ခါ​ပွဲ​နှင့်​တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကျ​ရောက် ရန် နှစ်​ရက်​မျှ​အ​လို​တွင်​ယဇ်​ပု​ရော​ဟိတ်​မင်း များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ကိုယ်​တော် ကို​တိတ်​တ​ဆိတ်​ဖမ်း​ဆီး​၍​သတ်​ရန်​နည်း လမ်း​ရှာ​ကြံ​လျက်​နေ​ကြ​၏။-

ပ​သ​ခါ​ပွဲ​ဟု​နာ​မည်​တွင်​သော​တ​ဆေး​မဲ့ မုန့်​ပွဲ​တော်​အ​ခါ​ကျ​ရန်​နီး​ကပ်​လာ​၏။-

ထို​အ​မှု​ကို​ယု​ဒ​အ​မျိုး​သား​တို့​နှစ်​သက်​ကြ သ​ဖြင့် သူ​သည်​ပေ​တ​ရု​ကို​လည်း​ဖမ်း​ဆီး​၏။ (ထို​အ​ချိန်​ကား​တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​အ​ခါ ဖြစ်​၏။)-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ