Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 33:20

Common Language Bible

ငါ့​ကို​မြင်​သော​သူ​သည်​အ​သက်​မ​ရှင်​နိုင် သော​ကြောင့်၊ သင့်​အား​ငါ​၏​မျက်​နှာ​ကို​ဖူး မြင်​ခွင့်​မ​ပေး။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​က``ငါ​သည်​ဘု​ရား​သ​ခင်​ကို​မျက်​နှာ ချင်း​ဆိုင်​ဖူး​တွေ့​ရ​သော်​လည်း အ​သက်​ချမ်း သာ​ရ​လျက်​ရှိ​သေး​၏'' ဟု​ဆို​၍​ထို​အ​ရပ် ကို​ပေ​နွေ​လ​ဟု​သ​မုတ်​လေ​၏။-

ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ကို ဖူး​မြင်​ရ​ကြ​၏။ ကိုယ်​တော်​၏​ခြေ​တော်​အောက်​တွင် မိုး​ကောင်း​ကင်​သ​ဖွယ်​ပြာ​လက်​နေ​သော​နီ​လာ ကျောက်​ခင်း​ထား​သည်​ဟု​ထင်​ရ​၏။-

မော​ရှေ၊ အာ​ရုန်၊ နာ​ဒပ်၊ အ​ဘိ​ဟု​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​ခု​နစ် ဆယ်​တို့​သည် တောင်​ပေါ်​သို့​တက်​၍၊-

ငါ​သည်​သင့်​အ​ဖ​၏​ဘု​ရား၊ အာ​ဗြ​ဟံ​၏ ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​မ​ကြည့်​ဝံ့​သ​ဖြင့်၊ သူ​၏ မျက်​နှာ​ကို​ဖုံး​အုပ်​ထား​လေ​၏။

ထို​နောက်​မော​ရှေ​က``ကိုယ်​တော်​၏​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ခွင့်​ပေး တော်​မူ​ပါ'' ဟု​တောင်း​ပန်​လျှောက်​ထား​၏။

ထို​နောက်​မှ​ငါ​၏​လက်​တော်​ကို​ရုပ်​သိမ်း​သ ဖြင့်၊ သင်​သည်​ငါ​၏​ကျော​ကို​ဖူး​မြင်​ရ​မည်။ ငါ​၏​မျက်​နှာ​ကို​မူ​ကား​မ​ဖူး​ရ'' ဟု​မိန့် တော်​မူ​၏။

ငါ​က​လည်း၊``ငါ​၌​မျှော်​လင့်​စ​ရာ​မ​ရှိ​တော့​ပြီ။ ငါ​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​သည်​တ​ကား။ ငါ​၏​နှုတ်​ထွက်​စ​ကား​မှန်​သ​မျှ​သည်​ညစ်​ညမ်း​၍ ညစ်​ညမ်း​သော​စ​ကား​ကို​သာ​လျှင်​ပြော​ဆို​တတ်​သူ​တို့​အ​ထဲ​တွင်​ငါ​နေ​ထိုင်​ရ​၏။ သို့​ရာ​တွင်​ယ​ခု​ငါ​သည် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ဘု​ရင်​မင်း​ကို​ဖူး​မြင်​ရ​လေ​ပြီ'' ဟု​ဆို​၏။

လူ​တစ်​စုံ​တစ်​ယောက်​မျှ​ဘု​ရား​သ​ခင်​ကို​မ​မြင် စ​ဖူး​သော်​လည်း ခ​မည်း​တော်​၏​ရင်​ခွင်​၌​ရှိ​တော် မူ​သော၊ ဘု​ရား​ဖြစ်​တော်​မူ​သော၊ တစ်​ပါး​တည်း သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို​ထင်​ရှား စေ​တော်​မူ​ပြီ။

`အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​အ​သံ​တော်​ကို​မီး​ထဲ​မှ​ကြား​ရ​သ​ဖြင့် အ​ကျွန်ုပ်​တို့​အား​ထာ​ဝ​ရ​ဘု​ရား​က မိ​မိ ၏​ဘုန်း​တန်​ခိုး​တော်​ကို​ထင်​ရှား​ပြ​သ​တော် မူ​ပါ​ပြီ။ ဘု​ရား​သ​ခင်​သည်​လူ​သား​အား စ​ကား​ပြော​သော်​လည်း လူ​သား​သည်​မ​သေ ဘဲ​အ​သက်​ရှင်​နေ​နိုင်​ကြောင်း​ကို​အ​ကျွန်ုပ် တို့​ယ​နေ့​သိ​မြင်​ရ​ကြ​ပါ​ပြီ။-

ဘု​ရား​သ​ခင်​တစ်​ပါး​တည်း​သာ​လျှင်​နိစ္စ ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​အ​ဘယ်​သူ​မျှ မ​ချဉ်း​ကပ်​နိုင်​သည့်​အ​လင်း​ရောင်​တွင်​ကျိန်း ဝပ်​တော်​မူ​၏။ ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ မ​ဖူး​မ​မြင်​စ​ဖူး။ အ​ဘယ်​သူ​မျှ​လည်း မ​ဖူး​မ​မြင်​နိုင်။ ကိုယ်​တော်​၌​ဂုဏ်​အ​သ​ရေ တော်​နှင့်​ထာ​ဝ​ရ​ဘုန်း​အာ​နု​ဘော်​တော် ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။

ဘု​ရား​သ​ခင်​က၊ ``သင့်​ရန်​သူ​များ​ကို​သင်​၏​ခြေ​ဖ​ဝါး​အောက်​သို့ ငါ​မ​ရောက်​စေ​မီ​ကာ​လ​အ​တွင်း၊ ငါ​၏​လက်ယာ​ဘက်​တွင်​ထိုင်​နေ​လော့'' ဟု​အ​ဘယ်​ကောင်း​ကင်​တ​မန်​ကို​မျှ​မိန့်​တော် မ​မူ​ခဲ့​ဘူး​ပါ။

မာ​နော်​က​မိ​မိ​၏​ဇနီး​အား``ငါ​တို့​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​ကြ​ပြီ​ဖြစ်​၍​အ​မှန် ပင်​သေ​ရ​ကြ​ပေ​တော့​အံ့'' ဟု​ဆို​၏။

ထို​အ​ခါ​ဂိ​ဒေါင်​သည်​မိ​မိ​တွေ့​ရှိ​ခဲ့​သူ​မှာ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ပင်​ဖြစ် ကြောင်း​သိ​လေ​လျှင် ကြောက်​လန့်​လျက်​ဤ​သို့ ဆို​၏။ ``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​ကောင်း​ကင်​တ​မန်​နှင့်​မျက် နှာ​ချင်း​ဆိုင်​တွေ့​မြင်​ရ​ပါ​ပြီ​တ​ကား'' ဟု​လျှောက်​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ