Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 32:27

Common Language Bible

မော​ရှေ​က​သူ​တို့​အား``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့ တစ်​ယောက်​စီ​ဋ္ဌား​ကို​ကိုင်​စွဲ​၍၊ စ​ခန်း​တစ်​ဘက် မှ​တစ်​ဘက်​သို့​နေ​ရာ​အ​နှံ့​အ​ပြား​သွား​ပြီး လျှင်၊ သင်​တို့​၏​ညီ​အစ်​ကို၊ အ​ဆွေ​ခင်​ပွန်း၊ အိမ်​နီး ချင်း​တို့​ကို​သတ်​လော့' ဟု​မိန့်​တော်​မူ​သည်'' ဟု ဆင့်​ဆို​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ယေ​ဟု​သည်​ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ ပြီး​သည်​နှင့်​တစ်​ပြိုင်​နက် အ​စောင့်​တပ်​သား​များ နှင့်​တပ်​မှူး​တို့​အား``ဝင်​၍​ထို​သူ​အ​ပေါင်း​ကို သတ်​လော့။ တစ်​ဦး​တစ်​ယောက်​မျှ​မ​လွတ်​သွား စေ​နှင့်'' ဟု​ပြော​၏။ သူ​တို့​သည်​ဋ္ဌား​လွတ်​များ ကိုင်​ဆောင်​ကာ ထို​သူ​တို့​ကို​သတ်​ပြီး​လျှင် အ​လောင်း​များ​ကို​အ​ပြင်​သို့​ဆွဲ​ထုတ်​ကြ ၏။ ထို​နောက်​သူ​တို့​သည်​ဗာ​လ​ဗိ​မာန်​အ​တွင်း ခန်း​သို့​ဝင်​၍၊-

ထို့​ကြောင့်​သူ​သည်​စ​ခန်း​ပေါက်​ဝ​တွင်​ရပ် လျက်``ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​တော်​သား​ဖြစ် သူ​တို့၊ ငါ့​ထံ​သို့​လာ​ကြ​လော့'' ဟု​အော်​ဟစ် ဖိတ်​ခေါ်​လေ​၏။ ထို​အ​ခါ​လေ​ဝိ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​မော​ရှေ​ထံ​သို့​စု​ရုံး​လာ ကြ​သော​အ​ခါ၊-

လေ​ဝိ​အ​မျိုး​သား​တို့​သည်​မော​ရှေ​အ​မိန့် ပေး​သည့်​အ​တိုင်း​ဆောင်​ရွက်​သ​ဖြင့်၊ ထို​နေ့ တွင်​လူ​ပေါင်း​သုံး​ထောင်​ခန့်​သေ​ဆုံး​လေ​၏။-

ထို​နောက်​မော​ရှေ​က​လေ​ဝိ​အ​မျိုး​သား​တို့ အား``ယ​နေ့​တွင်​သင်​တို့​သည်​မိ​မိ​၏​သား ရင်း​ညီ​အစ်​ကို​ရင်း​တို့​ကို​သတ်​ခြင်း​အား ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင် ရန်​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​မိ​မိ​တို့ ကိုယ်​ကို​ဆက်​ကပ်​ကြ​ပြီ။ ထို့​ကြောင့်​ထာ​ဝ​ရ ဘုရား​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး တော်​မူ​ပြီ'' ဟု​ဆို​၏။

ထို​နောက်​ဘု​ရား​သ​ခင်​က​အ​ခြား​သူ​တို့ အား``ထို​သူ​၏​နောက်​သို့​လိုက်​၍​မြို့​တွင်း တစ်​လျှောက်​တွင်​သတ်​ဖြတ်​ကြ​လော့။ မည်​သူ့ ကို​မျှ​ချမ်း​သာ​မ​ပေး​နှင့်။ မည်​သူ့​ကို​မျှ မ​သ​နား​မ​ညှာ​တာ​နှင့်။-

မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​နွယ်​အ​လိုက်​အုပ် ချုပ်​ရ​သူ​တို့​အား``သင်​တို့​တစ်​ဦး​စီ​သည်​သင် တို့​အ​နွယ်​ထဲ​မှ ပေ​ဂု​ရ​ဒေ​သ​ခံ​ဗာ​လ​ဘု​ရား အား​ဦး​ချ​ရှိ​ခိုး​သူ​အား​လုံး​ကို​ကွပ်​မျက်​ရ မည်'' ဟု​အ​မိန့်​ပေး​လေ​သည်။

``ငါ့​ထံ​ကို​လာ​သော်​လည်း​ငါ့​ကို​ချစ်​သည် ထက် မိ​ဘ၊ သား​မ​ယား၊ ညီ​အစ်​ကို​မောင်​နှ​မ နှင့်​မိ​မိ​ကိုယ်​ကို​ပို​၍​ချစ်​သော​သူ​သည် ငါ ၏​တ​ပည့်​မ​ဖြစ်​နိုင်။-

သို့​ဖြစ်​၍​ငါ​တို့​သည်​ယ​ခု​မှ​စ​၍​အ​ဘယ်​သူ ကို​မျှ​လူ​တို့​စံ​နှုန်း​အ​ရ​အ​ကဲ​မ​ဖြတ်​ကြ တော့​ပေ။ ယ​ခင်​အ​ခါ​က​ခ​ရစ်​တော်​အား​လူ တို့​စံ​နှုန်း​အ​ရ ငါ​တို့​အ​ကဲ​ဖြတ်​ခဲ့​ကြ​သော် လည်း​ယ​ခု​အ​ခါ​၌​ထို​သို့​မ​ပြု​တော့​ပြီ။-

သူ့​ကို​ကျောက်​ခဲ​နှင့်​ပစ်​၍​သတ်​ရ​မည်။ သင်​တို့ အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​တော် မူ​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ပစ်​ပယ်​စေ​ရန်​သူ​သည်​သွေး​ဆောင် ခဲ့​၏။-

``သင်​၏​ညီ​အစ်​ကို၊ သင်​၏​သား​သ​မီး၊ သင်​ချစ် သော​ဇ​နီး၊ သင်​နှင့်​အ​လွန်​ရင်း​နှီး​သော​မိတ်​ဆွေ တစ်​ဦး​ဦး​က​ပင်​လျှင် သင်​နှင့်​သင်​၏​ဘိုး​ဘေး တို့​ယ​ခင်​က​ဝတ်​မ​ပြု​မ​ကိုး​ကွယ်​ဘူး​သော အ​ခြား​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် ရန်​တိတ်​တ​ဆိတ်​သွေး​ဆောင်​ပေ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ