ထွက်မြောက် 32:25Common Language Bibleဣသရေလအမျိုးသားတို့သည်၊ ပတ်ဝန်း ကျင်၌ရန်သူများကဲ့ရဲ့စရာဖြစ်လျက်၊ အာရုန်၏အားပေးမှုဖြင့်စည်းကမ်းမဲ့ ကခုန်မြူးထူးနေသည်ကို၊ မောရှေမြင်ရ၏။- အခန်းကိုကြည့်ပါ။ |
ယင်းသို့တွေးတောပြီးနောက် ယေရောဗောင်သည် ရွှေနွားလားဥသဘရုပ်နှစ်ကောင်ကိုသွန်း လုပ်၍ပြည်သူတို့အား``သင်တို့သည်ကိုးကွယ် ဝတ်ပြုရန်အတွက် ယေရုရှလင်မြို့သို့သွားရ ကြသည်မှာကာလအတော်ကြာပြီ။ အို ဣသ ရေလပြည်သူတို့၊ သင်တို့အားအီဂျစ်ပြည် မှထုတ်ဆောင်လာတော်မူသောဘုရားများ ကားဤဘုရားများပင်တည်း'' ဟုမိန့်တော် မူ၏။-
ငါသည်တန်ခိုးအာဏာရှိသူတို့ထံသွား၍သူတို့အားပြောဆိုမည်။ သူတို့သည်အမှန်ပင်ထာဝရဘုရား၏အလိုတော်ကိုသိရှိကြရာ၏။ ဘုရားသခင်ပြဋ္ဌာန်းတော်မူသည့် စည်းမျဉ်းဥပဒေသတော်တို့ကိုသိရှိကြရာ၏'' ဟုတွေးတောမိ၏။ သို့ရာတွင်သူတို့အားလုံးပင်ထာဝရဘုရား၏ထမ်းပိုးကိုချိုးလျက် နှောင်ကြိုးများကိုလည်းဖြတ်ကြလေပြီ။