Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 32:20

Common Language Bible

သူ​သည်​သူ​တို့​လုပ်​သော​နွား​ရုပ်​ကို​အ​ရည် ကျို​၍၊ အ​မှုန့်​ထောင်း​ပြီး​လျှင်၊ အ​မှုန့်​ကို​ရေ ပေါ်​၌​ဖြူး​လေ​၏။ ထို​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ထို​ရေ​ကို​သောက်​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​၏​အ​ဖွား​မာ​ခါ​၏​ထံ​မှ​လည်း​မယ်​တော် ဘု​ရင်​မ​ရာ​ထူး​ကို​နုတ်​သိမ်း​တော်​မူ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မာ​ခါ​သည်​အ​သီး​အ​နှံ ဖွံ့​ဖြိုး​မှု​ဆိုင်​ရာ အာ​ရှ​ရ​ဘု​ရား​မ​အား​ဝတ်​ပြု ကိုး​ကွယ်​ရန်​အ​တွက် ရှု​မ​ကောင်း​မြင်​မ​ကောင်း​သော ရုပ်​တု​ကို​ပြု​လုပ်​ထား​သော​ကြောင့်​ဖြစ်​၏။ အာ​သ သည်​ထို​ရုပ်​တု​ကို​ခုတ်​ပြီး​လျှင်​ကေ​ဒြုန်​ချောင်း အ​နီး​တွင်​မီး​ရှို့​ပစ်​တော်​မူ​၏။-

သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ် ကူး​လွန်​ရန် ရှေ့​ဆောင်​လမ်း​ပြ​သူ၊ နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​မင်း​တည်​ဆောက်​ခဲ့​သည့်​ဗေ​သ​လ ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​ကို​လည်း​ဖြို​ဖျက်​လေ သည်။ ယော​ရှိ​သည်​ယဇ်​ပလ္လင်​ကို​ဖြို​ချ​ပြီး​လျှင် အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ထား​သော တံ​ခွန်​တိုင်​ကို​မီး​ရှို့​၏။-

သူ​သည်​အာ​ရှ​ရ​ဘု​ရား​မ​အား​ဆက်​ကပ်​ထား သည့်​တံ​ခွန်​တိုင်​ကို​လည်း ဗိ​မာန်​တော်​ထဲ​မှ​ဖယ် ရှား​ကာ မြို့​ပြင်​ရှိ​ကိ​ဒြုန်​ချိုင့်​ဝှမ်း​သို့​ထုတ်​ပြီး လျှင်​မီး​ရှို့​လေ​သည်။ ထို​နောက်​ပြာ​ကို​ညက်​အောင် ထောင်း​၍ အ​များ​ပြည်​သူ​တို့​၏​သင်္ချိုင်း​မြေ​ပေါ် တွင်​ကြဲ​ဖြန့်​လေ​သည်။-

သူ​၏​ညွှန်​ကြား​ချက်​အ​ရ​မင်း​ချင်း​တို့​သည် ဗာ​လ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ယဇ် ပလ္လင်​များ​ကို​ချိုး​ဖဲ့​ချေ​မှုန်း​ပြီး​လျှင် ထို ယဇ်​ပလ္လင်​များ​တွင်​ယဇ်​ပူ​ဇော်​ခဲ့​ကြ​သူ တို့​၏​သင်္ချိုင်း​များ​အ​ပေါ်​တွင်​ကြဲ​ဖြန့် ကြ​၏။-

မော​ရှေ​က​အာ​ရုန်​အား``ဤ​သူ​တို့​သည်​သင့် ကြောင့်​ထို​မျှ​လောက်​ကြီး​လေး​သော​အ​ပြစ် ကို​ပြု​မိ​ရန် သူ​တို့​သည်​သင့်​အား​အ​ဘယ် သို့​ပြု​ကြ​သ​နည်း'' ဟု​မေး​၏။

ထိုကြောင့်သူတို့သည် ကိုယ်ကျင့်ခြင်း၏ အကျိုး အပြစ်ကိုစား၍၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့် မည်။

စိတ်နှလုံးဖေါက်ပြန်သောသူဖြစ်စေ၊ သူတော် ကောင်းဖြစ်စေ၊ မိမိအကျင့်တို့နှင့်ဝလိမ့်မည်။

သူ​တို့​၏​ရုပ်​တု​များ​ကို​မီး​ရှို့​ပစ်​လော့။ ထို​ရုပ်​တု များ​တွင်​မွမ်း​မံ​ထား​သော​ရွှေ​ငွေ​ကို​တပ်​မက်​၍ သင်​တို့​အ​ဖို့​မ​ယူ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် ရုပ်​တု​ကိုး​ကွယ်​ခြင်း​ကို​ရွံ​ရှာ​မုန်း​တီး​တော်​မူ သ​ဖြင့် ရုပ်​တု​များ​မှ​ရွှေ​ငွေ​ကို​ယူ​မိ​လျှင်​သင် တို့​အ​တွက်​ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လိမ့်​မည်။-

ထို့​ကြောင့်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ ရ​မည်။ သူ​တို့​၏​ဘု​ရား​ကျောက်​တိုင်​များ​ကို ချိုး​ပစ်​ရ​မည်။ အာ​ရှ​ရ​ဘု​ရား​မ​၏​တိုင်​များ ကို​ခုတ်​လှဲ​ရ​မည်။ သူ​တို့​၏​ရုပ်​တု​များ​ကို မီး​ရှို့​ဖျက်​ဆီး​ရ​မည်။-

ငါ​သည်​သင်​တို့​အား​အ​ပြစ်​ရောက်​စေ​သည့် နွား​ရုပ်​တု​ကို မီး​ထဲ​သို့​ပစ်​ချ​လိုက်​၏။ ထို့ နောက်​နွား​ရုပ်​တု​ကို​အ​မှုန့်​ဖြစ်​အောင်​ထု ထောင်း​၍ အ​မှုန့်​ကို​တောင်​ကျ​ချောင်း​ထဲ​သို့ သွန်း​ချ​ခဲ့​၏။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ