Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 32:16

Common Language Bible

ထို​ကျောက်​ပြား​များ​နှင့်​ကျောက်​ပြား​များ​ပေါ် ရှိ​အက္ခ​ရာ​တို့​သည် ဘု​ရား​သ​ခင်​၏​လက်​ရာ တော်​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ခဲပြားပေါ်မှာကညစ်နှင့်အက္ခရာတင်လျက်၊ ကျောက်စာထိုး လျက်မြဲပါစေသော။

ဘု​ရား​သ​ခင်​သည်​သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​အား​မိန့်​တော်​မူ​ပြီး​သော​အ​ခါ၊ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ပ​ညတ်​တော် များ​ကို​အက္ခ​ရာ​တင်​သော​ကျောက်​ပြား နှစ်​ပြား​ကို၊ သူ့​အား​ပေး​တော်​မူ​၏။

မော​ရှေ​သည်​မျက်​နှာ​နှစ်​ဘက်​စ​လုံး​တွင် ပ​ညတ် တော်​များ​ကို​အက္ခ​ရာ​တင်​ထား​သော​ကျောက် ပြား​နှစ်​ချပ်​ကို​ယူ​ဆောင်​လျက်​တောင်​ပေါ်​မှ ဆင်း​လာ​၏။-

ယော​ရှု​သည်​လူ​များ​၏​ကြွေး​ကြော်​သံ​ကို ကြား​ရ​သော​အ​ခါ၊ မော​ရှေ​အား``စ​ခန်း​ထဲ ၌​တပ်​လှန့်​သံ​ကို​ကြား​ရ​ပါ​သည်​တ​ကား'' ဟု​ဆို​၏။-

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ပ​ထ​မ ကျောက်​ပြား​များ​နှင့်​တူ​သော​ကျောက်​ပြား နှစ်​ချပ်​ကို​ဆစ်​လော့။ သင့်​ကြောင့်​ကျိုး​သွား သော​ယ​ခင်​ကျောက်​ပြား​များ​ပေါ်​တွင် ရေး ထိုး​ခဲ့​သည့်​ကမ္ပည်း​စာ​အ​တိုင်း​ငါ​သည်​ဤ ကျောက်​ပြား​များ​ပေါ်​၌​ရေး​ထိုး​မည်။-

ထို့​ကြောင့်​မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း ကျောက်​ပြား​နှစ်​ချပ်​ကို ဆစ်​ပြီး​လျှင်၊ နောက်​တစ်​နေ့​နံ​နက်​စော​စော တွင်၊ ကျောက်​ပြား​များ​ကို​ကိုင်​ဆောင်​လျက် သိ​နာ​တောင်​ပေါ်​သို့​တက်​လေ​၏။

ထို​စာ​ကို​ခ​ရစ်​တော်​ကိုယ်​တိုင်​ရေး​၍​ငါ​တို့ နှင့်​ပေး​ပို့​တော်​မူ​သည်​မှာ​ထင်​ရှား​၏။ ထို​စာ ကား​မင်​ဖြင့်​ရေး​သော​စာ​မ​ဟုတ်။ အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် ဖြင့်​ရေး​သော​စာ​ဖြစ်​၏။ ထို​စာ​ကို​ကျောက် ပြား​ပေါ်​တွင်​မ​ရေး​ဘဲ​နှ​လုံး​သား​ပေါ်​တွင် ရေး​သ​တည်း။

ကျောက်​ပြား​ပေါ်​၌​အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​ကို​ပေး​အပ်​စဉ်​က ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ထွန်း​လင်း​တောက်​ပ​တော် မူ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​၏​ရောင်​ပြန်​ဟပ် မှု​သည် မော​ရှေ​၏​မျက်​နှာ​မှ​တ​ဖြည်း​ဖြည်း မှေး​မှိန်​စ​ပြု​သော်​လည်း လွန်​စွာ​တောက်​ပ လျက်​ပင်​ရှိ​နေ​သေး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​သူ့​ကို​စေ့​စေ့​မ​ကြည့် နိုင်​ကြ။ သေ​ခြင်း​တ​ရား​ကို​ဖြစ်​ပေါ်​စေ သည့်​ပ​ညတ်​တ​ရား​ကို ဤ​သို့​သော​ဘုန်း အ​သ​ရေ​နှင့်​ပေး​အပ်​တော်​မူ​ပါ​လျှင်၊-

``ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`ယ​ခင် ကျောက်​ပြား​ကဲ့​သို့​ကျောက်​ပြား​နှစ်​ချပ်​ကို​ခုတ် လော့။ ထို​ကျောက်​ပြား​ကို​ထည့်​ရန် သစ်​သား​သေတ္တာ တော်​ကို​လည်း​ပြု​လုပ်​လော့။ ထို့​နောက်​ငါ​ရှိ​ရာ တောင်​ပေါ်​သို့​တက်​လာ​လော့။-

``သို့​ဖြစ်​၍​ငါ​သည်​ပ​ဋိ​ညာဉ်​ကျောက်​ပြား နှစ်​ပြား​ကို​ယူ​ဆောင်​၍ တောင်​ပေါ်​မှ​ပြန်​ဆင်း​ခဲ့ သည်။ တောင်​မှ​မီး​တောက်​မီး​လျှံ​များ​ထွက် လျက်​ရှိ​၏။-

နောင်​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ပ​ညတ်​များ​ကို သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့​ထည့်​သွင်း​မည်။ သူ​တို့​၏​နှ​လုံး​သား​ပေါ်​မှာ​ရေး​သား​မည်။ ငါ​သည်​သူ​တို့​ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း​ငါ​၏​လူ​စု​ဖြစ်​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ