Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 31:3

Common Language Bible

သူ​သည် ရွှေ၊ ငွေ၊ ကြေး​ဝါ​တို့​ကို​ပုံ​အ​မျိုး​မျိုး ဖော်​လုပ်​နိုင်​သော​အ​တတ်၊ ကျောက်​မျက်​တို့ ကို​သွေး​၍​စီ​ခြယ်​သော​အ​တတ်၊ သစ်​သား ပန်း​ပု​ထု​သော​အ​တတ်​အ​စ​ရှိ​သည့်​အ​နု ပ​ညာ​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​ကျွမ်း​ကျင် ပြောင်​မြောက်​စေ​ခြင်း​ငှာ၊ ငါ​သည်​သူ့​အား အ​စွမ်း​တန်​ခိုး​ကို​ပေး​တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​နိုင်​စေ​ရန် အ​ကျွန်ုပ် အား​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ​ပါ။ ယင်း​သို့ ပေး​တော်​မ​မူ​ပါ​လျှင်​အ​ကျွန်ုပ်​သည် ဤ​မျှ များ​ပြား​သော​ကိုယ်​တော်​ရှင့်​လူ​မျိုး​တော်​ကို အ​ဘယ်​သို့​လျှင်​အုပ်​စိုး​နိုင်​ပါ​မည်​နည်း''ဟု တောင်း​လျှောက်​လေ​၏။

ရှော​လ​မုန်​မင်း​သည်​တု​ရု​မြို့​သား၊ လက်​ရာ မြောက်​သူ​ကြေး​ဝါ​ပန်း​တဉ်း​ဆ​ရာ​ဟိ​ရံ​ကို ဖိတ်​ခေါ်​တော်​မူ​၏။-

ကွယ်​လွန်​သွား​ပြီ​ဖြစ်​သော​သူ​၏​ဖ​ခင်​သည်​လည်း တု​ရု​မြို့​တွင်​နေ​ထိုင်​ခဲ့​၍​လက်​ရာ​မြောက်​သည့် ကြေး​ဝါ​ပန်း​တဉ်း​ဆ​ရာ​ပင်​ဖြစ်​သည်။ သူ​၏ မိ​ခင်​မှာ​န​ဿ​လိ​အ​နွယ်​ဝင်​ဖြစ်​ပေ​သည်။ ဟိ​ရံ သည်​အ​သိ​ဉာဏ်​ရှိ​၍​အ​လုပ်​ရည်​ဝ​သူ​တစ်​ဦး ဖြစ်​၏။ သူ​သည်​ရှော​လ​မုန်​မင်း​ဖိတ်​ခေါ်​စေ​ခိုင်း သည့်​အ​တိုင်း ကြေး​ဝါ​လုပ်​ငန်း​မှန်​သ​မျှ​ကို တာ​ဝန်​ယူ​၍​ဆောင်​ရွက်​လေ​သည်။

ယ​ခု​အ​ဆွေ​တော်​သည်​ကျွန်ုပ်​၏​ထံ​သို့​ပန်း​ပု အ​တတ်၊ ရွှေ​ငွေ​နှင့်​ကြေး​ဝါ​ပန်း​ထိမ်​အ​တတ်၊ ပန်း​ထည်​အ​တတ်၊ နီ​ပြာ​ညို​မောင်း​သော​အ​ထည် ယက်​လုပ်​သည့်​အ​တတ်​တို့​ကို​ကျွမ်း​ကျင်​သူ တစ်​ယောက်​စေ​လွှတ်​စေ​လို​ပါ​သည်။ ထို​သူ​သည် ကျွန်ုပ်​၏​ခ​မည်း​တော်​ရွေး​ချယ်​ထား​သည့်​ယု​ဒ ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​မှ​လက်​မှု​ပ​ညာ​သည် များ​နှင့်​အ​တူ​လုပ်​ကိုင်​ရန်​ဖြစ်​ပါ​သည်။-

အာ​ရုန်​သည်​ငါ့​ထံ​၌​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ် ဆက်​ကပ်​၍ အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​စေ​ရန်၊ ငါ​ကျွမ်း​ကျင်​မှု​ပ​ညာ​ပေး​ထား​သူ​တို့​ကို​ဆင့် ခေါ်​၍​သူ့​အ​တွက်​ဝတ်​စုံ​ကို​ချုပ်​စေ​ရ​မည်။-

သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​တန်​ခိုး​ကို ခံ​ယူ​ရ​ရှိ​သ​ဖြင့်၊ ရွှေ၊ ငွေ၊ ကြေး​ဝါ​တို့​ကို​ပုံ အ​မျိုး​မျိုး​ဖော်​လုပ်​နိုင်​သော​ပ​ညာ၊-

သူ​တို့​အား​ပန်း​ပု​အ​တတ်၊ ပုံ​စံ​ထုတ်​သော အ​တတ်၊ အ​ပြာ​ရောင်၊ ခရမ်း​ရောင်၊ အ​နီ​ရောင် သိုး​မွေး၊ ပိတ်​ချော​နှင့်​အ​ခြား​အ​ထည်​တို့ ကို​ယက်​လုပ်​သည့်​အ​တတ်​ပ​ညာ​အ​မျိုး​မျိုး ကို​ပေး​တော်​မူ​၏။ သူ​တို့​သည်​အ​တတ်​ပ​ညာ အ​မျိုး​မျိုး​တို့​တွင်​ထူး​ချွန်​၍ ပုံ​စံ​ထုတ် ရာ​တွင်​ပြောင်​မြောက်​သူ​များ​ဖြစ်​ကြ​၏။

အကြောင်းမူကား၊ ထာဝရဘုရားသည်ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏။

ဘု​ရား​သ​ခင်​သည်​သူ့​အား​အ​သိ​ဉာဏ်​ပေး ထား​တော်​မူ​သ​ဖြင့် သူ​သည်​မိ​မိ​အ​ဘယ် သို့​လုပ်​ဆောင်​ရ​မည်​ကို​သိ​၏။-

ကိုယ်​တော်​သည်​တ​ရား​သူ​ကြီး​အ​ဖြစ်​ဆောင် ရွက်​ရ​သူ​တို့​အား တ​ရား​မျှ​တ​စွာ​ပြု​ကျင့် တတ်​သော​စိတ်​နေ​သ​ဘော​ထား​ကို​လည်း​ကောင်း၊ ရန်​သူ​တို့​ကို​မြို့​တံ​ခါး​များ​မှ​နှင်​ထုတ်​ရ ကြ​သော​သူ​တို့​အား ရဲ​စွမ်း​သတ္တိ​ကို​လည်း ကောင်း​ပေး​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ