ထွက်မြောက် 30:18Common Language Bible``ကြေးဝါအောက်ခြေခံသောကြေးဝါအင် တုံကိုပြုလုပ်လော့။ ထိုအင်တုံကိုရေဖြည့်၍၊ ငါစံရာတဲတော်နှင့်ယဇ်ပလ္လင်အကြားတွင် ထားလော့။- အခန်းကိုကြည့်ပါ။ |
သူတို့သည်ဗိမာန်တော်တောင်ဘက်တွင်ငါးလုံး နှင့်မြောက်ဘက်တွင် ငါးလုံးထားရှိရန်အင်တုံ ဆယ်လုံးကိုလည်းပြုလုပ်လေသည်။ ထိုအင်တုံ တို့သည်မီးရှို့ပူဇော်ရာယဇ်ကောင်များ၏ အစိတ်အပိုင်းတို့ကိုဆေးကြောရန်အတွက် ဖြစ်၏။ ရေကန်မူကားယဇ်ပုရောဟိတ်တို့ ဆေးကြောရန်အတွက်ဖြစ်လေသည်။
ငါတို့သည်ကယ်တင်ခြင်းကိုခံရကြပေ သည်။ ဤသို့ကယ်တင်ခြင်းခံရသည်မှာငါ တို့ကိုယ်တိုင်ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်။ ကိုယ်တော်သည်မိမိ၏ ကရုဏာတော်နှင့်အညီသန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ငါတို့အားအသစ်သောမွေး ခြင်းနှင့်ဘဝသစ်ကိုဆေးကြောခြင်းဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။-
သို့ရာတွင်ကိုယ်တော်သည်အလင်းတွင်ရှိတော် မူသကဲ့သို့ ငါတို့သည်အလင်းတွင်ကျင်လည် ကြပါမူ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် မိတ်သဟာယဖွဲ့ခြင်းရှိကြ၏။ ဘုရားသခင် ၏သားတော်သခင်ယေရှု၏သွေးတော်သည် လည်းငါတို့၏အပြစ်ရှိသမျှကိုဆေးကြော စင်ကြယ်စေတော်မူလိမ့်မည်။