Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 30:16

Common Language Bible

သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ ထို​ငွေ​ကို​လက်​ခံ​၍၊ ငါ​စံ​ရာ​တဲ​တော်​စ​ရိတ် အ​တွက်​အ​သုံး​ပြု​ရ​မည်။ သင်​တို့​၏​အ​သက် ဖိုး​အ​တွက်​ပေး​သော​အ​ခွန်​ငွေ​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​သက် ကို​ကာ​ကွယ်​ရန်​သ​တိ​ရ​မည်'' ဟု​မိန့်​တော် မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​သူ​သည်​ထို​သူ​အ​ပေါင်း​တို့​၏ ခေါင်း​ဆောင်​ယော​ယ​ဒ​ကို​ခေါ်​ပြီး​လျှင်``ထာ ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော် အ​တွက် ပြည်​သူ​တို့​ပေး​ဆောင်​ရန်​ထာ​ဝ​ရ ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​ပြ​ဋ္ဌာန်း​သည့် အ​လှူ​ငွေ​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား အ​ဘယ်​ကြောင့်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​မှ​မ​ကောက်​ခံ​စေ​ပါ​သ​နည်း'' ဟု​မေး တော်​မူ​၏။

ငါ​ထာ​ဝ​ရ​ဘု​ရား​ပြု​သည့်​အ​မှု​ကို​သ​တိ​ရ ရန် ဤ​နေ့​ရက်​ကို​ပွဲ​တော်​နေ့​အ​ဖြစ်​ဆင်​ယင် ကျင်း​ပ​ရ​မည်။ သင်​တို့​သည်​ထို​နေ့​ကို​ဘု​ရား ပွဲ​တော်​နေ့​အ​ဖြစ်​ထာ​ဝ​စဉ်​ကျင်း​ပ​ရ​ကြ မည်'' ဟု​မိန့်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​အား​သင်​တို့​၏​အ​သက်​ဖိုး ငွေ​ကို​ဆက်​သ​သော​အ​ခါ​ချမ်း​သာ​သူ​ဖြစ် စေ၊ ဆင်း​ရဲ​သူ​ဖြစ်​စေ၊ သတ်​မှတ်​ထား​သော ငွေ​ထက်​ပို​၍​သော်​လည်း​ကောင်း၊ လျော့​၍ သော်​လည်း​ကောင်း​မ​ပေး​စေ​ရ။-

ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-

အာ​ရုန်​၏​အ​ဆက်​အ​နွယ်​မ​ဟုတ်​သူ​မည် သူ​တစ်​စုံ​တစ်​ယောက်​မျှ ထာ​ဝ​ရ​ဘု​ရား အား​နံ့​သာ​ပေါင်း​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင် သို့​မ​ချဉ်း​ကပ်​ရ​ဟု​ကြေး​ဝါ​အ​ဖုံး​က ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သ​တိ​ပေး ၏။ ဤ​ပ​ညတ်​ကို​မ​လိုက်​နာ​သူ​သည်​ကော​ရ နှင့်​သူ​၏​နောက်​လိုက်​များ​နည်း​တူ ပျက်​စီး ဆုံး​ရှုံး​ရ​လိမ့်​မည်။ မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ တို့​ကို ဧ​လာ​ဇာ​ဆောင်​ရွက်​လေ​သည်။

ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​အံ့ သော​ငှာ မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည်​ရွှေ​များ ကို​တဲ​တော်​သို့​ယူ​ဆောင်​သွား​ကြ​လေ​သည်။

ထို​နောက်​ကိုယ်​တော်​သည်​မုန့်​ကို​ယူ​၍​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ ပြီး​လျှင် မုန့်​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား ပေး​တော်​မူ​၏။ ကိုယ်​တော်​က ``ဤ​မုန့်​ကား​သင် တို့​အ​တွက်​စွန့်​သော​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်​မေ့​သ​တိ​ရ​ရန်​ဤ​သို့​ပြု ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ