ထွက်မြောက် 3:22Common Language Bibleဣသရေလအမျိုးသမီးတိုင်းကမိမိ၏ အီဂျစ်ပြည်သားအိမ်နီးချင်းတို့ထံမှသော် လည်းကောင်း၊ မိမိအိမ်မှာတည်းခိုသောအီဂျစ် အမျိုးသမီးတို့ထံမှ ရွှေ၊ ငွေ၊ လက်ဝတ်တန် ဆာနှင့်အဝတ်အထည်များကိုတောင်းယူကြ လိမ့်မည်။ သင်တို့သည်သင်တို့၏သားသမီး များအားထိုပစ္စည်းများဖြင့်တန်ဆာဆင်ပေး ကြခြင်းဖြင့်အီဂျစ်ပြည်သားတို့၏ဥစ္စာ ပစ္စည်းများကိုအပိုင်ရရှိကြလိမ့်မည်'' ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့၏ရန်သူများသည်အမင်္ဂလာရှိကြ ၏။ မိမိတို့အားအဘယ်သူမျှတိုက်ခိုက်လု ယက်မှုကိုမပြု၊ သစ္စာလည်းမဖောက်ကြသော် လည်းသူတို့ကလုယက်တိုက်ခိုက်ကာသစ္စာ ဖောက်ကြ၏။ သို့ရာတွင်သူတို့လုယက်တိုက် ခိုက်၍သစ္စာဖောက်ရန်အချိန်ကာလကုန်ဆုံး ချိန်ကျရောက်လာလိမ့်မည်။ ထိုအခါသူတို့ သည်လုယက်တိုက်ခိုက်ခြင်းနှင့်သစ္စာဖောက် ခြင်းကိုခံရကြလိမ့်မည်။
ရန်သူတို့စွန့်ပစ်ထားခဲ့သည့်လက်နက်များ ကိုရရှိကြမည်ဖြစ်၍သူတို့သည်လွင်ပြင် ၌ထင်းခွေရန်၊ တော၌သစ်ပင်များခုတ်လှဲ ရန်လိုလိမ့်မည်မဟုတ်။ သူတို့သည်မိမိတို့ အားလုယက်သတ်ဖြတ်ကြသူတို့ကိုပြန် ၍တိုက်ခိုက်လုယက်ကြလိမ့်မည်'' ဟုမိန့် တော်မူ၏။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။