ထွက်မြောက် 3:11Common Language Bibleမောရှေကထာဝရဘုရားအား``အကျွန်ုပ် သည်သာမညလူတစ်ယောက်သာဖြစ်ပါ၏။ ဖာရောဘုရင်ထံသို့ဝင်ပြီးလျှင်ဣသရေလ အမျိုးသားတို့ကို အီဂျစ်ပြည်မှထုတ်ဆောင် သည့်ကိစ္စကိုအဘယ်သို့ဆောင်ရွက်နိုင်ပါမည် နည်း'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ကိုယ်တော်ရှင်၏လူမျိုးတော်အား တရားမျှတစွာအုပ်စိုးနိုင်စေရန် အကျွန်ုပ် အားဉာဏ်ပညာကိုပေးတော်မူပါ။ ယင်းသို့ ပေးတော်မမူပါလျှင်အကျွန်ုပ်သည် ဤမျှ များပြားသောကိုယ်တော်ရှင့်လူမျိုးတော်ကို အဘယ်သို့လျှင်အုပ်စိုးနိုင်ပါမည်နည်း''ဟု တောင်းလျှောက်လေ၏။
``အကယ်စင်စစ်ကျွန်တော်မျိုးနှင့်ကျွန်တော် မျိုး၏လူတို့သည် ကိုယ်တော်ရှင်အားအဘယ် အရာကိုမျှပေးလှူနိုင်စွမ်းမရှိပါ။ ခပ်သိမ်း သောအရာတို့သည်ကိုယ်တော်ရှင်ပေးသနား ထားသည့်ဆုကျေးဇူးများဖြစ်သဖြင့် ကျွန် တော်မျိုးတို့သည်ကိုယ်တော်ရှင်ပိုင်သည့် အရာများကိုသာလျှင်ကိုယ်တော်ရှင် အားပြန်လည်ဆက်သခြင်းဖြစ်ပါ၏။-
ဂိဒေါင်ကလည်း``အို ထာဝရဘုရား၊ အကျွန်ုပ် သည်အဘယ်သို့ဣသရေလအမျိုးသားတို့ ကိုကယ်ဆယ်နိုင်ပါမည်နည်း။ အကျွန်ုပ်၏သား ချင်းစုသည်မနာရှေအနွယ်တွင် အားအနည်း ဆုံးသောသူဖြစ်ပါ၏။ အကျွန်ုပ်သည်လည်း မိမိ၏မိသားစုတွင်အရေးမပါ၊ အရာ မရောက်ဆုံးသောသူဖြစ်ပါသည်'' ဟု ပြန် လည်လျှောက်ထား၏။