``ငါမိန့်မှာသည့်အတိုင်းအာရုန်နှင့်သူ၏ သားတို့အား ယဇ်ပုရောဟိတ်အရာခံယူ စေသည့်မင်္ဂလာကိုခုနစ်ရက်ပတ်လုံးကျင်းပ ရမည်။-
ယဇ်ပုရောဟိတ်အဖြစ်အာရုန်ကိုဆက်ခံ၍ သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင်ရန်၊ ငါစံရာတဲတော်ထဲသို့ဝင်သောသားသည် အာရုန်၏ဝတ်စုံကိုခုနစ်ရက်ပတ်လုံးဝတ် ဆင်ရမည်။
ခုနစ်ရက်တိုင်အောင်နေ့စဉ်ဤသို့ပြုလုပ်ရ မည်။ ထိုအခါယဇ်ပလ္လင်သည်အလွန်သန့်ရှင်း သဖြင့်၊ ပလ္လင်နှင့်ထိမိသောအရာနှင့်လူမှန် သမျှတို့သည်ဘေးသင့်လိမ့်မည်။
သင်သည်ခုနစ်ရက်တိုင်တိုင်နေ့စဉ်နေ့တိုင်း ဆိတ်ထီးတစ်ကောင်၊ နွားထီးတစ်ကောင်နှင့်သိုး ထီးတစ်ကောင်ကိုအပြစ်ဖြေရာယဇ်အဖြစ် ဖြင့်ပူဇော်ရမည်။ ထိုသတ္တဝါအားလုံးတွင် အပြစ်အနာအဆာမရှိစေရ။-
ထိုအရှင်သည်ငါ့ထံမှရရှိသောစကား ကိုသင်တို့အားပြောကြားမည်ဖြစ်သဖြင့် ငါ၏ဘုန်းအသရေကိုထွန်းတောက်စေ တော်မူလိမ့်မည်။-