Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ထွက်​မြောက် 29:3

Common Language Bible

ထို​မုန့်​များ​ကို​တောင်း​တစ်​လုံး​တွင်​ထည့် လော့။ နွား​နှင့်​သိုး​နှစ်​ကောင်​ကို​ယဇ်​ပူ​ဇော် သော​အ​ခါ၊ မုန့်​များ​ကို​ပါ​ငါ့​အား​ပူ​ဇော် လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ဆီ​ပါ​သော​မုန့်၊ ဆီ​လူး​သော​မုန့်​ချပ်​တို့​ကို လည်း​ယူ​လော့။ ထို​မုန့်​များ​ကို​တ​ဆေး​မ​ပါ သော​အ​ကောင်း​ဆုံး​ဂျုံ​မုန့်​ညက်​ဖြင့်​ပြု​လုပ် ရ​မည်။-

``အာ​ရုန်​နှင့်​သူ​၏​သား​များ​ကို ငါ​စံ​ရာ​တဲ တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​လျှင် သူ တို့​အား​ရေ​ချိုး​စေ​ရ​မည်။-

``အာ​ရုန်​နှင့်​သူ​၏​သား​တို့​ကို​ငါ​စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​ခဲ့​လော့။ ယဇ် ပု​ရော​ဟိတ်​ဝတ်​စုံ​များ၊ သိက္ခာ​တင်​ဆီ၊ အ​ပြစ်​ဖြေ ရာ​ယဇ်​အ​တွက်​နွား​ပျို​တစ်​ကောင်၊ သိုး​ထီး​နှစ် ကောင်၊ တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​ကို​ယူ​ခဲ့​လော့။-

ထို့​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဆက် ကပ်​ထား​သော​တ​ဆေး​မဲ့​မုန့်​တောင်း​ထဲ​မှ​မုန့်၊ ဆီ​နှင့်​လုပ်​သော​မုန့်၊ မုန့်​ကြွပ်​တို့​ကို​တစ်​ခု စီ​ယူ​၍​သိုး​အ​ဆီ​နှင့်​လက်​ယာ​ပေါင်​အ​ပေါ် တွင်​တင်​သည်။-

ထို့​နောက်​မော​ရှေ​က​အာ​ရုန်​နှင့်​သူ​၏​သား တို့​အား``ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း သိုး​၏​အ​သား​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​အ​နီး​တွင် ပြုတ်​၍ ထို​အ​သား​ကို​သိက္ခာ​တင်​ရာ​မုန့် တောင်း​ထဲ​မှ​မုန့်​နှင့်​စား​ကြ​လော့။-

သူ​သည်​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​သိုး​ထီး ကို​ပူ​ဇော်​သော​အ​ခါ မုန့်​တောင်း​ကို​လည်း ဆက်​သ​ရ​မည်။ တစ်​ချိန်​တည်း​တွင်​ဘော​ဇဉ် သ​ကာ​နှင့် စ​ပျစ်​ရည်​သ​ကာ​တို့​ကို​လည်း ဆက်​သ​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ