သိုးကိုအပိုင်းပိုင်းဖြတ်ရမည်။ သိုး၏ဝမ်းတွင်း သားနှင့်နောက်ခြေထောက်တို့ကိုဆေးကြော၍၊ ဦးခေါင်းနှင့်အခြားအသားပိုင်းများပေါ် တွင်တင်ပြီးလျှင်၊-
အသားကိုအစိမ်းလိုက်ဖြစ်စေ၊ ပြုတ်၍ဖြစ် စေမစားရ။ တိရစ္ဆာန်၏ဦးခေါင်း၊ ခြေလက်၊ ဝမ်း တွင်းသားနှင့်တကွတစ်ကောင်လုံးကိုမီးကင် ရမည်။-
ထိုနောက်သိုးကိုသတ်၍အသွေးကို ယဇ်ပလ္လင် ၏လေးဘက်လေးတန်အပေါ်သို့ပက်ဖျန်း ရမည်။-
သိုးတစ်ကောင်လုံးကိုယဇ်ပလ္လင်ထက်တွင်မီးရှို့ ပူဇော်ရမည်။ ဤသို့ပူဇော်ခြင်းသည်ထာဝရ ဘုရားအား ဆက်သသောမီးရှို့ပူဇော်သကာ ဖြစ်၏။ ထာဝရဘုရားသည်ထိုယဇ်မှရနံ့ ကိုနှစ်သက်တော်မူ၏။
အို ယေရုရှလင်မြို့၊ သင်သည်ချမ်းသာရာရ စေရန် မိမိစိတ်နှလုံးကိုဆိုးညစ်မှုနှင့်ကင်း စင်စေလော့။ သင်သည်အဘယ်မျှကြာအောင် ဆက်လက်၍ဆိုးညစ်စွာကြံစည်လျက်နေ ဦးမည်နည်း။
သူသည်ဝမ်းတွင်းသားနှင့်နောက်ခြေများကို ရေဆေးရမည်။ ယဇ်ပုရောဟိတ်သည်တစ်ကောင် လုံးကိုပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤ ပူဇော်သကာ၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။
ဝမ်းတွင်းသားနှင့်နောက်ခြေများကိုရေဆေး ရမည်။ ထို့နောက်တာဝန်ကျယဇ်ပုရောဟိတ် သည် တိရစ္ဆာန်တစ်ကောင်လုံးကိုပလ္လင်ပေါ်တွင် မီးရှို့ပူဇော်ရမည်။ ဤပူဇော်သကာ၏ရနံ့ ကို ထာဝရဘုရားနှစ်သက်တော်မူ၏။
ထိုနောက်သူသည်နွား၏ဝမ်းတွင်းသားနှင့် နောက်ခြေထောက်တို့ကိုဆေးကြောပြီးလျှင် မီးရှို့ရာယဇ်အပေါ်သို့တင်လျက်မီးရှို့ ပူဇော်လေသည်။
မျက်မမြင်ဖာရိရှဲတို့၊ ပန်းကန်ခွက်ယောက်များ အတွင်းဘက်ကိုဦးစွာဆေးကြောကြလော့။ သို့ ပြုလျှင်ပြင်ပသည်လည်းသန့်ရှင်းစင်ကြယ် လာလိမ့်မည်။''