``အာရုန်နှင့်သူ၏သားတို့သည် သိုးထီးတစ် ကောင်၏ဦးခေါင်းပေါ်တွင်လက်ကိုတင်ရမည်။-
``ထိုနောက်နွားထီးကိုငါစံရာတဲတော်အရှေ့ သို့ဆောင်ခဲ့၍ အာရုန်နှင့်သူ၏သားများအား နွား၏ဦးခေါင်းပေါ်တွင်လက်ကိုတင်စေရမည်။-
ထိုနောက်သိုးကိုသတ်၍အသွေးကို ယဇ်ပလ္လင် ၏လေးဘက်လေးတန်အပေါ်သို့ပက်ဖျန်း ရမည်။-
``ထိုနောက်အာရုန်နှင့်သူ၏သားတို့အား ဒုတိယသိုး၏ဦးခေါင်းပေါ်တွင်လက်ကို တင်စေရမည်။ ထိုသိုးသည်ယဇ်ပုရောဟိတ် အဖြစ်ခံယူရာ၌ပူဇော်သောသိုးဖြစ်၏။-
ထိုမုန့်များကိုတောင်းတစ်လုံးတွင်ထည့် လော့။ နွားနှင့်သိုးနှစ်ကောင်ကိုယဇ်ပူဇော် သောအခါ၊ မုန့်များကိုပါငါ့အားပူဇော် လော့။
ထိုသူသည်ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝ၌ နွား၏ဦးခေါင်းပေါ်တွင်လက် ကိုတင်၍နွားကိုသတ်ရမည်။ အာရုန်၏သား များဖြစ်ကြသောယဇ်ပုရောဟိတ်တို့သည် ယဇ်ကောင်၏သွေးကိုပလ္လင်၏ဘေးလေးဘက် စလုံးပေါ်သို့ပက်ဖျန်းရမည်။-